Switch Mode

Happy Death Day 2U (2019)

Movie Sub Released on October 20, 2021 · ? views · Posted by admin · Series Happy Death Day 2U
Expand
Turn Off Light
meganz 1

Download Happy Death Day 2U (2019), Watch Happy Death Day 2U (2019), don't forget to click on the like and share button. Series Happy Death Day 2U always updated at MMFILM. Don't forget to watch other series updates.

movie

Happy Death Day 2U

Happy Death Day 2U

Rating 6.2
Status: Completed Released: 13 Feb 2019 Duration: 100 min Country: , Type: Movie Director: Casts: , ,
Happy Death Day 2U ကတော့ ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ပဲဖြစ်ပါတယ်။ Groundhog Day လို၊ Naked လို တစ်ရက်တည်းမှာပဲ Looping ပတ်နေတဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ပထမဇာတ်ကားတုန်းက ဇာတ်ကောင်ဖြစ်တဲ့ Tree Gelbman ဟာအသတ်ခံရပြီးတိုင်းအဲ့ဒီနေ့မှာပဲပြန်ပြန်နိုးထလာခဲ့ပါတယ်။ ဒီလိုနဲ့သူ့ကိုဘယ်သူသတ်တယ်ဆိုတာအဖြေရှာရပါတော့တယ်။ဒါပေမယ့် Happy Death Day 2U မှာတော့ Multiverse Theory တွေပါပါလာတော့ ပထမဇာတ်ကားလောက်စိတ်ဝင်စားဖို့မကောင်းတော့တာအမှန်ပဲဖြစ်ပါတယ်။ဒါရိုက်တာကတော့ Paranormal Activity ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးခဲ့တဲ့ Christopher Landon ပဲဖြစ်ပါတယ်။ ပထမဇာတ်ကားတုန်းကဘာ့ကြောင့် တစ်ရက်တည်းမှာပဲထပ်ခါထပ်ခါလည်နေလဲဆိုတဲ့အဖြေကို ဒီဇာတ်ကားမှာဖြေရှင်းသွားခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ Tree တစ်ယောက် သာမန်တစ်ရက်တည်းမှာနိုးထတာမျိုးမဟုတ်တော့ပဲ တခြားသော Dimension တစ်ခုကိုပါရောက်သွားမှာဖြစ်ပါတယ်။သူ့ရဲ့ပုံမှန်ဖြစ်ပျက်နေကျဖြစ်ရပ်အားလုံးဟာလဲပြောင်းလဲလို့သွားတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကြည့်ဖို့အကောင်းဆုံးအကြောင်းပြချက်ကိုပြောပါဆိုရင် Jessica Rothe ကြောင့်ပါပဲ။ဇာတ်လမ်းက Thriller/Comedy ပုံစံဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါးပဲရိုက်ပြထားတာဖြစ်ပါတယ်။ ဟာသဖောက်တဲ့တချို့အခန်းတွေကတော့ ကလိထိုးရယ်ရသလိုပါပဲ။နောက်မျက်ရည်ချူတဲ့အခန်းတွေလဲပါဝင်ပြန်ပါသေးတယ်။ ပထမဇာတ်ကားကဇာတ်ဆောင်တွေပဲပြန်ပါဝင်တာဖြစ်ပြီး ပထမဇာတ်ကားက သိပ်အရေးမပါခဲ့တဲ့ Ryan ဟာ ဒီဇာတ်ကားမှာတော့အဓိကတာဝန်ရှိသူဖြစ်လာပြီဖြစ်ပါတယ်။ဒီဇာတ်ကားကိုကြည့်ရင်းကြည့်ရင်း ခံစားမိလာမှာကတော့ Scooby Doo လားဆိုတဲ့ခံစားချက်ပါပဲ။ တကယ့်ကို Scooby Doo မှာတွေ့ရတဲ့အကွက်တွေလုပ်ပြထားတာအများကြီးပါပဲ။အဆုံးသတ်ကိုလဲသောင်မတင်ရေမကျလုပ်သွားပြန်တော့ ဒါဟာ နောက်ထပ်တကားအတွက်ချန်ထားတာများလားဆိုတဲ့အတွေးပေါ်စေမှာဖြစ်ပါတယ်။ဒီဇာတ်ကားကိုမကြည့်ခင်တစ်ခုမှာချင်တာက ၂၀၁၇ ထွက် ပထမဇာတ်ကားကိုကြည့်ကြပါဆိုတာပါပဲ။ ပထမဇာတ်ကားမကြည့်ရသေးရင်တော့ နားလည်ဖို့တော်တေ်ာခက်ပါလိမ့်မယ်။သေချာတာကတော့ သဲထိတ်ရင်ဖိုဇာတ်ကားကိုမျှော်လင့်နေရင်တော့ သဲထိတ်ရင်ဖိုတွေတွေ့ရမှာမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေအရွှန်းဖောက်တာတွေပဲမြင်ရမှာပါ။အဓိကမင်းသမီးကလွဲလို့ ကျန်တဲ့သရုပ်ဆောင်တွေကြည့်ရတာ ဘာလိုမှန်းမသိ လိုနေတဲ့ ခံစားချက်မျိုးကို ဒီဇာတ်ကားမှာဖောဖောသီသီတွေ့ရမှာဖြစ်ပါတယ်။ဒီတော့ Scooby Doo လိုကားမျိုး၊ Groundhog Day လိုကားမျိုးကြိုက်တယ်၊ slasher ဇာတ်ကားမျိုးကြိုက်တယ်ဆိုရင်တော့ကြည့်သင့်တဲ့ကားပါပဲ။ REVIEW CREDIT -=-=-=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-1GB RESOLUTION-1080P -=-=-=-=-=-=-=-=-=-=-=