Happy Death Day 2U (2019)

Movie Sub Released on October 20, 2021 · ? views · Posted by admin · Series Happy Death Day 2U

Expand
Turn Off Light
meganz 1

Happy Death Day 2U (2019) အား ဒေါင်းလုဒ် ။ Happy Death Day 2U (2019) အား တိုက်ရိုက်ကြည့် ။ Like နှင့် Share ခလုတ် အားနိပ်ဖို့မမေ့ပါနဲ့နော် ။ ဇာတ်လမ်း Happy Death Day 2U ကို MMFILMs တွင် အခြား ချန်နယ်များနှင့်အညီ တင်သွားပေးမည်ဖြစ်သည်။ အခြား ဇာတ်ကားများကိုလည်း ကြည့်ရှုဖို့ မမေ့နဲ့နော်။

movie

Happy Death Day 2U

Happy Death Day 2U

Rating 6.2
Status: Completed Released: 13 Feb 2019 Duration: 100 min Country: , Type: Movie Director: Casts: , ,
Happy Death Day 2U ကတော့ ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ပဲဖြစ်ပါတယ်။ Groundhog Day လို၊ Naked လို တစ်ရက်တည်းမှာပဲ Looping ပတ်နေတဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ပထမဇာတ်ကားတုန်းက ဇာတ်ကောင်ဖြစ်တဲ့ Tree Gelbman ဟာအသတ်ခံရပြီးတိုင်းအဲ့ဒီနေ့မှာပဲပြန်ပြန်နိုးထလာခဲ့ပါတယ်။ ဒီလိုနဲ့သူ့ကိုဘယ်သူသတ်တယ်ဆိုတာအဖြေရှာရပါတော့တယ်။ဒါပေမယ့် Happy Death Day 2U မှာတော့ Multiverse Theory တွေပါပါလာတော့ ပထမဇာတ်ကားလောက်စိတ်ဝင်စားဖို့မကောင်းတော့တာအမှန်ပဲဖြစ်ပါတယ်။ဒါရိုက်တာကတော့ Paranormal Activity ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးခဲ့တဲ့ Christopher Landon ပဲဖြစ်ပါတယ်။ ပထမဇာတ်ကားတုန်းကဘာ့ကြောင့် တစ်ရက်တည်းမှာပဲထပ်ခါထပ်ခါလည်နေလဲဆိုတဲ့အဖြေကို ဒီဇာတ်ကားမှာဖြေရှင်းသွားခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ Tree တစ်ယောက် သာမန်တစ်ရက်တည်းမှာနိုးထတာမျိုးမဟုတ်တော့ပဲ တခြားသော Dimension တစ်ခုကိုပါရောက်သွားမှာဖြစ်ပါတယ်။သူ့ရဲ့ပုံမှန်ဖြစ်ပျက်နေကျဖြစ်ရပ်အားလုံးဟာလဲပြောင်းလဲလို့သွားတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကြည့်ဖို့အကောင်းဆုံးအကြောင်းပြချက်ကိုပြောပါဆိုရင် Jessica Rothe ကြောင့်ပါပဲ။ဇာတ်လမ်းက Thriller/Comedy ပုံစံဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါးပဲရိုက်ပြထားတာဖြစ်ပါတယ်။ ဟာသဖောက်တဲ့တချို့အခန်းတွေကတော့ ကလိထိုးရယ်ရသလိုပါပဲ။နောက်မျက်ရည်ချူတဲ့အခန်းတွေလဲပါဝင်ပြန်ပါသေးတယ်။ ပထမဇာတ်ကားကဇာတ်ဆောင်တွေပဲပြန်ပါဝင်တာဖြစ်ပြီး ပထမဇာတ်ကားက သိပ်အရေးမပါခဲ့တဲ့ Ryan ဟာ ဒီဇာတ်ကားမှာတော့အဓိကတာဝန်ရှိသူဖြစ်လာပြီဖြစ်ပါတယ်။ဒီဇာတ်ကားကိုကြည့်ရင်းကြည့်ရင်း ခံစားမိလာမှာကတော့ Scooby Doo လားဆိုတဲ့ခံစားချက်ပါပဲ။ တကယ့်ကို Scooby Doo မှာတွေ့ရတဲ့အကွက်တွေလုပ်ပြထားတာအများကြီးပါပဲ။အဆုံးသတ်ကိုလဲသောင်မတင်ရေမကျလုပ်သွားပြန်တော့ ဒါဟာ နောက်ထပ်တကားအတွက်ချန်ထားတာများလားဆိုတဲ့အတွေးပေါ်စေမှာဖြစ်ပါတယ်။ဒီဇာတ်ကားကိုမကြည့်ခင်တစ်ခုမှာချင်တာက ၂၀၁၇ ထွက် ပထမဇာတ်ကားကိုကြည့်ကြပါဆိုတာပါပဲ။ ပထမဇာတ်ကားမကြည့်ရသေးရင်တော့ နားလည်ဖို့တော်တေ်ာခက်ပါလိမ့်မယ်။သေချာတာကတော့ သဲထိတ်ရင်ဖိုဇာတ်ကားကိုမျှော်လင့်နေရင်တော့ သဲထိတ်ရင်ဖိုတွေတွေ့ရမှာမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေအရွှန်းဖောက်တာတွေပဲမြင်ရမှာပါ။အဓိကမင်းသမီးကလွဲလို့ ကျန်တဲ့သရုပ်ဆောင်တွေကြည့်ရတာ ဘာလိုမှန်းမသိ လိုနေတဲ့ ခံစားချက်မျိုးကို ဒီဇာတ်ကားမှာဖောဖောသီသီတွေ့ရမှာဖြစ်ပါတယ်။ဒီတော့ Scooby Doo လိုကားမျိုး၊ Groundhog Day လိုကားမျိုးကြိုက်တယ်၊ slasher ဇာတ်ကားမျိုးကြိုက်တယ်ဆိုရင်တော့ကြည့်သင့်တဲ့ကားပါပဲ။ REVIEW CREDIT -=-=-=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-1GB RESOLUTION-1080P -=-=-=-=-=-=-=-=-=-=-=

Comment

Leave a Reply