ဒီတစ်ခါတော့ တခြားဒရမ်မာတွေနဲ့မတူတဲ့ အချစ်၊ဟာသ မိသားစုဒရမ်မာလေးကို တင်ဆက်ပေးချင်ပါတယ်
သူဌေးကြီးတစ်ယောက်နဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပုံစံလေးဖြစ်ပါတယ်
လီယောင်းဂုဆိုတဲ့ သူဌေးကြီးဟာဆိုရင် သူ့အမျိုးသမီးဆုံးသွားပြီးနောက် ကလေး၃ယောက်နဲ့ကျန်ရစ်ခဲ့ပါတယ် ။ ဒါမဲ့သူ့ကိုကြိုက်တဲ့သူတွေအများကြီးရှိပေမယ့် ဘယ်သူကိုမှစိတ်မဝင်စားပဲ
အလုပ်ကိုသာအဓိကထားပြီးလုပ်တဲ့သူလည်းဖြစ်ပါတယ် ။ ဒါပေမယ့် အလုပ်ကိုအဓိက အာရုံစိုက်နေတဲ့အတွက် ကလေးတွေအတွက် အိမ်နေဂိုက်ဆရာမကိုရှာဖွေပါတော့တယ် ။
အမေနဲ့အစ်ကိုဖြစ်သူရဲ့လုပ်ရပ်ကြောင့် အိမ်အာမခံကြေးတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် ဖခင်ဖြစ်သူဟာလည်း ပင်ပန်းဆင်းရဲတဲ့ Delivery အလုပ် လုပ်နေတာကို တွေ့လိုက်ရတဲ့အခါ
ဘတ်ဒမ်ဒမ်ဟာ မိသားစုစားဝတ်နေရေးအတွက် ဒီအိမ်နေဂိုက်ဆရာမအလုပ်ကိုလုပ်ကိုင်ရပါတော့တယ် ။ သူတို့နှစ်ဦးဟာဆိုရင် ဘတ်ဒမ်ဒမ်ငယ်စဥ်က တစ်ခါတွေ့ဆုံဖူးခဲ့ကြပါတယ် ။
အဲ့ဒီ့နောက်သူတို့နှစ်ဦးဘယ်လိုရင်းနှီးသွားကြမလဲဆိုတာကိုတော့......
Translated by - Aye Chan
Encoded by - Nezu