Lost in Starlight (2025)
မားစ်ဂြိုဟ်လေ့လာရေးခရီးစဉ်အတွင်း ကမ္ဘာကိုပြန်မလာနိုင်ခဲ့တဲ့ အာကာသယာဉ်မှူးတစ်ယောက်ရဲ့သမီးဖြစ်သူ ဂျူနန်ယောင်းကလည်း အာကာသယာဉ်မှူးတစ်ယောက်ပါ။ နန်ယောင်းကလည်းသူ့အမေလိုပဲ အာကာသကိုစူးစမ်းဖို့အမြဲအိပ်မက်မက်ခဲ့ပြီး သူ့အမေရဲ့ခြေရာလက်ရာတွေကို တွေ့လိုတွေ့ငြား မားစ်ဂြိုဟ်ကိုအမြဲတမ်းသွားဖို့တောင့်တနေခဲ့တာပါ။ အဲဒီလိုနဲ့မားစ်ဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ်အတွက် အာကာသယာဉ်မှူးအနေနဲ့အရွေးခံရတဲ့အခါ သူ့အိပ်မက်က အမှန်တကယ်ဖြစ်လာပါတယ်။ ဒါပေမဲ့ အဲဒီလိုထွက်မသွားခင်မှာ ဂျေးဆိုတဲ့ကောင်လေးနဲ့ဆုံခဲ့ပါတယ်။ ဂျေးကအရင်တုန်းက တီးဝိုင်းအဖွဲ့တစ်ဖွဲ့ရဲ့ဂီတာသမားဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ retro တူရိယာတွေကိုပြန်ပြင်ပေးတဲ့ ဂီတပညာရှင်လုပ်နေပါတယ်။ ဂျေးရဲ့မထွက်ဖြစ်ခဲ့တဲ့ သီချင်းနမူနာလေးကို နန်ယောင်းကသဘောကျတဲ့အကြောင်း ဂျေးသိပြီးတဲ့အချိန်မှာ သူတို့ကြား ချိတ်ဆက်မှုလေးတစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ နန်ယောင်း မားစ်ဂြိုဟ်ဆီထွက်သွားရတော့မဲ့အခါမှာ သူတို့ကြားကအချစ်ဇာတ်လမ်းဘယ်လိုဖြစ်လာမလဲဆိုတာ ဒီကားလေးထဲမှာ စောင့်ကြည့်ပေးပါဦးနော်။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်




