ဇာတ်လမ်းပုံစံလေးကတော့.....တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ”သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ဒါပေမဲ့…ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ထောင်ချောက်တစ်ခုပဲ ဆိုတာ အာဂျွန်းသိနေတော့ ထွက်ပြေးဖို့ကြိုးစားရာမှာနိုင်နာဟာ တစ်စုံတစ်ခုနဲ့ ဦးခေါင်းကို ကိုင်ဆောင့်ခံရပြီးသတိလစ်သွားခဲ့ပါတယ်။ပြန်ပြီး သတိလည်လာတော့ အာဂျွန်းဟာ ငွေတွေကြားမှာသေဆုံးနေခဲ့ပါပြီ” တဲ့။နိုင်နာရဲ့ ထွက်ဆိုချက်ကို ရှေ့နေကြီး ဂု(ပ်)တာကြံဆစဉ်းစားရင်း သဲလွန်စများ လိုက်လံ ဖော်ထုတ်ရာမှာတော့…..။အမှုသည် နိုင်နာနဲ့ ရှေ့နေကြီး ဂု(ပ်)တာတို့ အတူအမှုမှန်ကို ရှာဖွေဖော်ထုတ်ရင်းပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။အချိန်ကာလ သေးသေးလေးမှာတောင်ဇာတ်လမ်းက မျိုးစုံပြောင်းလဲသွားနိုင်တာမို့ဘယ်အခန်းကိုမှ လက်လွတ်မခံဖို့ ပြောချင်ပါတယ်။
Translated by - Nezu
Encoded by - Nezu