Cargo-Movie

Movie Sub Released on June 4, 2021 · ? views · Posted by admin · Series Cargo

Expand
Turn Off Light
Download
Meganz 1080P
Sharer 1080 P

Cargo-Movie အား ဒေါင်းလုဒ် ။ Cargo-Movie အား တိုက်ရိုက်ကြည့် ။ Like နှင့် Share ခလုတ် အားနိပ်ဖို့မမေ့ပါနဲ့နော် ။ ဇာတ်လမ်း Cargo ကို MMFILMs တွင် အခြား ချန်နယ်များနှင့်အညီ တင်သွားပေးမည်ဖြစ်သည်။ အခြား ဇာတ်ကားများကိုလည်း ကြည့်ရှုဖို့ မမေ့နဲ့နော်။

Movie

Cargo

Cargo

Rating 6.3
Status: Completed Released: 18 May 2018 Duration: 105 min Country: Type: Movie Director: , Casts: , , ,
ဇာတ်လမ်းအကျဉ်း ========== Andy နဲ့ Kay ဇနီးမောင်နှံတွေဖြစ်ပြီးတော့ ၁နှစ်အရွယ်သမီးလေးRosie ကိုပါဖွားမြင်ထားပါသေးတယ်။ သူတို့မိသားစုဟာ စက်လှေအိုကြီးတစ်စီးကိုစီးပြီး မြစ်ကြောင်းအတိုင်းစီးမျောနေခဲ့တာ အတော်ကြာပါပြီ။ သူတို့ဟာ တစ်စုံတစ်ခုကိုကြောက်ရွံ့တာကြောင့် ထွက်ပြေးနေတဲ့ပုံစံပေါက်နေပြီး ပြဿနာတွေလည်း အများကြီးရှိနေပုံရပါတယ်။ သူတို့ရဲ့ပြဿနာထဲမှာ အဆိုးဆုံဖြစ်တဲ့ ရိက္ခာပြတ်လတ်တော့မယ့်ပြဿနာအတွက် လင်မယားနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးရပါတော့တယ်။ သူတို့ဆွေးနွေးပြီး နောက်နေ့မှာတော့ လှေပျက်တစ်စင်းကို တွေ့ရှိခဲ့တာကြောင့် Andy ဟာ ထိုလှေပျက်ကြီးဆီကိုသွားပြီး အသုံးဝင်လောက်မယ့်ပစ္စည်းတွေ ရှာဖွေယူဆောင်ခဲ့ပါတယ်။ Andy အနေနဲ့ ဘာအန္တရာယ်မှမဖြစ်ခဲ့ပေမယ့် ဇနီးဖြစ်သူ Kay က ထိုလှေပျက်ကြီးဆီကို တစ်ဦးတည်းသွားတဲ့အခါမှတော့သတ္တဝါတစ်ကောင်ရဲ့ကိုက်ခဲခြင်းကို ခံလိုက်ရတဲ့အခါမှာတော့…..။ ဒီဇာတ်ကားဟာ ပရိသတ်တွေသဘောကျလောက်မယ့် ဇာတ်ကားဖြစ်သလို ရုပ်ရှင်ဝေဖန်ရေးများပါ သဘောတွေ့ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ IMDb 6.5 ဖြစ်ပြီး Rotten Tomatoes Rating ကတော့ 89% ပါ။ ဇာတ်လမ်းတစ်ခုလုံး ဘာဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပြီး မိဘမေတ္တာကိုပါ ဖော်ကြူးထားတာကြောင့် Thriller အမျိုးအစားကြိုက်တတ်သူတွေ အထူးသဘောကျနှစ်ခြိုက်လောက်မယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ)Cargo ဇာတ်ကားဟာ 2017ခုနှစ်ထွက် Drama, Thriller ဇာတ်ကားအမျိုးအစားတစ်ကားပဲဖြစ်ပါတယ်။ Ben Howling နဲ့ Yolanda Ramke ဆိုတဲ့ ဒါရိုက်တာနှစ်ဦးပူးတွဲရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ Andy နေရာမှာ သရုပ်ဆောင်တဲ့သူကတော့Hobbit Trilogy မှာ Bilbo Baggins , BBC ကထုတ်လွှင့်ခဲ့တဲ့ Sherlock TV Series မှာ Sherlock Holmes ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ Dr.John Watson နေရာမှာ သရုပ်ဆောင်ခဲ့ မင်းသားကြီး Martin Freeman ပါ။ ဒါ့အပြင် Marvel Cinematic Universe မှာ Everett K. Ross ဆိုတဲ့ အစိုးရအေးဂျင့်တစ်ယောက်အနေနဲ့လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။   Translated by - Nezu Encoded by - Nezu

Comment

Leave a Reply