ကျွန်တော်တို့ ဒီတစ်ခေါက်မှာတော့ လောလောလတ်လတ် ထွက်ရှိထားတဲ့ Encanto 2021 ဆိုတဲ့ animation ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
ဒီကားလေးက IMDB rating 7.4 ထိရရှိထားပြီး နာမည်ကျော် animation company ဖြစ်တဲ့ Walt Disney ကနေထုတ်ဝေထားတာဖြစ်ပါတယ်။
ကလေးတွေကြားအတော်များများ ရေပန်းစားခဲ့တဲ့ Snow White တို့ Cinderella တို့နဲ့လည်း အောင်မြင်မှုရခဲ့တဲ့ Walt Disney ကတော့ Encanto မှာလည်းပရိသတ်တွေစိတ်အာရုံကိုဖမ်းစားနိုင်ဖို့ အကောင်းဆုံးပြင်ဆင်လာခဲ့ပုံပါပဲ။
ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ကိုလန်ဘီယာ နိုင်ငံရဲ့ တောင်တွေပတ်လည်ဝန်းရံပြီးတော့ လှပဆန်းကြယ်တဲ့ အန်ကန်တို ဆိုတဲ့နေရာလေးမှာ မတ်ဒရီဂတ် မိသားစုတွေနေထိုင်ကြပါတယ်။ သူတို့မိသားစုမှာ အထွတ်အမြတ်ထားရတဲ့ မှော်ဖယောင်းတိုင်လေးတစ်ခုရှိပြီးတော့ အဲ့ဖယောင်းတိုင်လေးက မတ်ဒရီဂတ် မိသားစုဝင်လေးတွေအရွယ်ရောက်လာတိုင်း တစ်ယောက်ကို မှော်စွမ်းအားတစ်ခုစီပေးလေ့ရှိပါတယ်တဲ့။
မတ်ဒရီဂတ်မိသားစုဝင်တွေက သူတို့ရလာတဲ့စွမ်းအားတွေကို သူတို့နေထိုင်ရာ အန်ကန်တို အတွင်းက လူတိုင်းရဲ့အကျိုးကိုထမ်းရွက်ဖို့သာသုံးကြပါတယ်။
မှော်စွမ်းအင်တွေနဲ့ အေးဆေးသာယာနေတဲ့ မတ်ဒရီဂတ်မိသားစုဝင်တွေရဲ့ ဘဝထဲကို ပျက်သုဉ်းခြင်းဆိုတဲ့ကပ်ဆိုးကြီးရောက်ရှိလာတဲ့အခါမှာ သူတို့မိသားစု စည်းစည်းလုံလုံးနဲ့ကျော်လွှားနိုင်ပါ့မလား???
ဘယ်လိုနည်းလမ်းတွေသုံးကြမလဲဆိုတာကိုတော့ ကျွန်တော်တို့ mmfilm ချန်နယ်ကနေ ပရိသတ်တို့ ကြည့်ရှုလို့ရစေဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။
-=-=-==-=-=======-==-=-=-
Translated & Review By Jimm
Encoded By PULP
Resolution - 1080P , 480P
Size - 1GB, 300MB
-=-=-=-=-=-=-=-=-=-==-=-=