စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်
Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီကားလေးကတော့ Fantasy Island (2020)ပဲဖြစ်ပါတယ်
ဒီရုပ်ရှင်ကားဟာဆိုရင် ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကိုပြောပြရင်မယ်ဆိုရင်ဖြင့် ကျွန်းကြီးတစ်ကြီးရှိပါတယ်။
အဲဒီကျွန်းရဲ့ ပိုင်ရှင်ဟာ မစ္စတာ ရို့ခ်ဆိုတဲ့သူဖြစ်ပါတယ်။သူဟာ ကျွန်းပေါ်ကို ရောက်လာသမျှ
လူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် ဒါမှမဟုတ် အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။
အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကို
ဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။
သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။
ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစ
အားလုံးသော ဆန္ဒတွေကို ဖြည့်ပေးနိုင်စွမ်းရှိတာကိုတွေ့ရပြီး ထီပေါက်သလိုကို ပျော်ကြရပါတော့တယ်။
ပြီးတော့ အဲဒီကျွန်းဟာ သူတို့တောင်းဆိုတဲ့ဆန္ဒထက် တကယ့် အတွင်းစိတ်ထဲက ဆန္ဒကိုသိမြင်နေပြီး ဖြည့်ပေးနိုင်တာကိုပါတွေ့လာရတယ်။
ဒါပေမယ့် ဒီအပျော်တွေကနေ လူတိုင်းရဲ့ ဆန္ဒတွေဟာ ကြောက်စရာအဖြစ်တွေဆီကို တဖြည်းဖြည်းကူးပြောင်းသွားတဲ့အခါမှာတေ့ာ…ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်...
-=-=-=-=-=-=-=-=-=-=-=--=-
Translated by - Nezu
Encoded by -Nezu