GET OUT (2017)

Movie Sub Released on October 9, 2021 · ? views · Posted by admin · Series Get Out

Expand
Turn Off Light
STREAM SB 1

GET OUT (2017) အား ဒေါင်းလုဒ် ။ GET OUT (2017) အား တိုက်ရိုက်ကြည့် ။ Like နှင့် Share ခလုတ် အားနိပ်ဖို့မမေ့ပါနဲ့နော် ။ ဇာတ်လမ်း Get Out ကို MMFILMs တွင် အခြား ချန်နယ်များနှင့်အညီ တင်သွားပေးမည်ဖြစ်သည်။ အခြား ဇာတ်ကားများကိုလည်း ကြည့်ရှုဖို့ မမေ့နဲ့နော်။

MOVIE

Get Out

Get Out

Rating 7.7
Status: Completed Released: 24 Feb 2017 Duration: 104 min Country: , Type: Movie Director: Casts: , ,
Rotten Tomatoes 99% My Rating 7.7/10ဒီဇာတ်ကားက နာမည်ကြီးနေတာကြာပြီ မကြည့်ဖြစ်ဘူး။ ရုပ်ရှင်ကြည့်ရမှာ ပျင်းနေတာရယ်။ ကောင်းလောက်မယ် မထင်တာရယ်ကြောင့် မကြည့်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဇာတ်လမ်း Plot ကို အွန်လိုင်းမှာ ဖတ်မိပြီး နည်းနည်းစိတ်ဝင် စားသွားတယ်။ မင်းသားက နာမည်ကြီးတော့ မဟုတ်ဘူး။ Johnny English Reborn ထဲမှာ Mr.Bean နဲ့အတူ Agent Tucker အဖြစ်တော့ ပါဖူးတယ်။တကယ်ကြည့်မိတဲ့အခါမှာတော့ 2017ထဲ ကြည့်ဖူးသမျှ Mystery/Horror အမျိုးအစားထဲ မှာ အကောင်းဆုံးဖြစ်နေတယ်။ (၂၀၁၇ထဲမှာ ထွက်တဲ့ကားတွေကိုပြောတာနော်)။ ဇာတ်လမ်း က လူမည်းတစ်ယောက်နဲ့ လူဖြူကောင်မလေး တစ်ယောက် ချစ်သူဖြစ်တာကနေ စထားတယ်။ သူတို့နှစ်ယောက်က အရမ်းချစ်ကြတယ်။ ကောင် မလေးက အရင်က လူမည်းတစ်ယောက်နဲ့မှမတွဲဖူးဘူး လို့ ကောင်လေးကိုပြောထားတယ်။ တွဲတာ ၄လ လောက်ပဲ ရှိသေးပေမယ့် အရမ်းချစ်မိနေကြတယ်။ ဒါ့ကြောင့် ကောင်မလေးက ကောင်လေးကို သူ့မိဘ တွေဆီခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကောင်မလေး ရဲ့ မိဘတွေက လူမည်းတစ်ယောက်ကို လက်ခံနိုင်ပါ့ မလား ကောင်လေးက စိုးရိမ်နေမိတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကောင်မလေး အလိုကျ လိုက် သွားတယ်။ အဲ့ဒီအချိန်အထိ ဇာတ်လမ်းက အေးနေ သေးတယ်။ဒါပေမယ့် လမ်းအသွားမှာ သမင်တစ်ကောင်ကို စတိုက်မိရာကနေ စပြီး ဇာတ်လမ်းက အသက်ဝင် လာတယ်။ နောက်တော့ ကောင်မလေးရဲ့ အိမ်ကို ရောက်သွားတယ်။ အိမ်ထဲမှာ လူမည်း အစေခံ အမျိုးသမီးတစ်ဦးကို တွေ့ရတယ်။ အဲ့ဒီထဲက မင်းသားက သိပ်အလိုမကျဘူး။ ချစ်သူကောင်မ လေးရဲ့ မိသားစုနဲ့စကားတွေ ပြောအပြီးမှာတော့ ချစ်သူကောင်မလေးရဲ့ မိသားစုဟာ လူမျိုးရေး ခွဲခြားသူတွေလို့ သူထင်လာတယ်။ ဒါ့အပြင် ဥယျာဉ်ထဲမှာ အခြားလူမည်းအမျိုးသား တစ်ဦးက မြက်တွေရှင်းနေတာတွေ့တော့ သူ့စိတ်ထဲပိုပြီး အနှောက်အယှက်ဖြစ်သွားတယ်။ ချစ်သူမိသား စုနဲ့ စကားပြောရင်း ချစ်သူရဲ့မိခင်က စိတ်ရောဂါ ကုဆရာဝန် တစ်ယောက်မှန်းသိခဲ့ရတယ်။ စကား ပြောရင်း မင်းသားဆေးလိပ်သောက်မှန်း မင်းသမီး ရဲ့ အဖေနဲ့အမေနဲ့ က သိသွားတယ်။ အဲ့ဒီအချိန်မှာ မင်းသားရဲ့အဖေက သူလည်း ဆေးလိပ်စွဲခဲ့ဖူးပြီး သူ့မိန်းမရဲ့ အိပ်မွေ့ချကုနည်းနဲ့မှ ဆေးလိပ်ပြတ်သွား ခဲ့ကြောင်း၊ မင်းသားကိုလည်း စမ်းကြည့်သင့်ကြောင်း ပြောပါတယ်။ မင်းသားကတော့ နေပါစေဆိုပြီး ငြင်း ခဲ့ပါတယ်။ဒီလိုနဲ့ ညရောက်လာရော..မင်းသားက ဒီမိသားစု ကို သိပ်မသင်္ကာဘူး။ ညဘက်အိပ်မပျော်ဖြစ်ပြီး အပြင်မှာ ဆေးလိပ်ထွက်သောက်နေတဲ့အချိန် နေ့လည်က တွေ့တဲ့ မြက်ရှင်းနေတဲ့ လူမည်း တစ်ယောက်ဟာ ခြံထဲမှာ အရှိန်နဲ့ သူ့ဆီကို ပြေးလာတာ တွေ့တော့ သူကြောက်ပြီး အရမ်း အံ့သြသွားခဲ့တယ်။ အနားရောက်တော့မှ သူ့ကို ဝင်မတိုက်ပဲ ကွေ့သွားခဲ့လို့ သူသက်ပြင်းချနိုင် ခဲ့တယ်။ ညကြီးသန်းခေါင် ဘာလို့ပြေးနေတာလဲ သူစဉ်းစား မရဖြစ်မိတယ်။ နောက်တော့ အိပ်ဖို့ အိမ်ထဲပြန်ဝင်လာခဲ့ချိန်မှာ မင်းသမီးရဲ့အမေက ဧည့်ခန်းထဲမှာ ထိုင်နေတာကိုတွေ့လိုက်ရတယ်။ ခဏစကားလာပြောပါလားလို့ခေါ်လို့သူကလည်း အားနာနာနဲ့ ဝင်ထိုင်လိုက်မိတယ်။ အဲ့ဒီမှာစတာ ပဲ။ မင်းသမီးရဲ့အမေက စိတ်ပညာအရမ်း ကျွမ်းပြီး အိပ်မွေ့ချတာလည်း အရမ်းတော်တဲ့သူ။ မင်းသား အိပ်မွေ့ချခံရပါလေရော။ လူက လုံးဝကိုလှုပ်လို့ မရတော့ပါ။ ……. တကယ်တော့ မင်းသမီးရဲ့ မိသားစုဟာ…….။ ဆက်မပြောတော့ပါဘူး။ Spoiler အရမ်းမလုပ် ချင်လို့ပါ။ ဒါပေမယ့် မင်းသမီးရဲ့ မိသားစုဟာ အရမ်းဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေနဲ့ မိသား စုဖြစ်နေပြီး အရမ်းကို စိတ်ဝင်စားစရာတွေ ဆက်ဖြစ်လာပါလိမ့်မယ်။ကိုယ့်ဘာသာပဲဆက်ကြည့်ဖို့ တိုက်တွန်းချင်ပါ တယ်။ REVIEW CREDIT -=-=-=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-1.3GB RESOLUTION-1080P -=-=-=-=-=-=-=-=-=-=

Comment

Leave a Reply