Isle Of Dogs (2018)

Movie Sub Released on October 27, 2021 · ? views · Posted by admin · Series Isle of Dogs

Expand
Turn Off Light
meganz 1

Isle Of Dogs (2018) အား ဒေါင်းလုဒ် ။ Isle Of Dogs (2018) အား တိုက်ရိုက်ကြည့် ။ Like နှင့် Share ခလုတ် အားနိပ်ဖို့မမေ့ပါနဲ့နော် ။ ဇာတ်လမ်း Isle of Dogs ကို MMFILMs တွင် အခြား ချန်နယ်များနှင့်အညီ တင်သွားပေးမည်ဖြစ်သည်။ အခြား ဇာတ်ကားများကိုလည်း ကြည့်ရှုဖို့ မမေ့နဲ့နော်။

movie

Isle of Dogs

Isle of Dogs

Rating 7.9
Status: Completed Released: 13 Apr 2018 Duration: 101 min Country: , , Type: Movie Director: Casts: , ,
ယခုနှစ် Academy ပေးပွဲမှာ Best Animated Movie ဆုလျာထားခံရတဲ့ စာရင်းထဲက တစ်ကား။ ပြီးတော့ ရုပ်ရှင်ချစ်သူတိုင်းရဲ့ချစ်သူကြီး Wes Anderson ရဲ့ ဒုတိယမြောက် stop motion ဇာတ်ကား။ ဒီလောက်နဲ့တင် ဒီဇာတ်ကားရဲ့အခြေအနေကို စာဖတ်သူတို့မှန်းလို့ရပြီ။ ဇာတ်လမ်းကိုတော့ Japan နိုင်ငံရဲ့အနာဂတ်ကာလတစ်ခုမှာ တည်ထားတယ်။ Megasaki မြိ့မှာ canine influenza ဆိုတဲ့ တရိစ္ဆာန်တွေဆီကနေ ကူးဆက်တဲ့ ရောဂါကပ်ဆိုးကြီးတစ်ခု ကျရောက်လာတယ်။ ဒီတော့ မြို့တော်ဝန်ကြီးက မြို့ထဲက ခွေးလေးတွေအကုန်လုံးကို လူနေ မြို့တွေ၊ ရွာတွေကနေ ဖယ်ရှားဖို့သဘောတူပြီး အမိန့်ထုတ်လိုက်တယ်။ ခွေးလေးတွေကို မြို့ရဲ့အနီးနားမှာ ရှိတဲ့ အမှိုက်ကျွန်းတစ်ခုကို ပို့ပစ်လိုက်တော့တယ်။ ဒီတော့ မြို့တော်ဝန်ကြီးရဲ့တူတော်မောင်ကလေးတစ်ယောက်က သူ့ခွေးလေး Spots ကို သွားပြန်ရှာရင်းနဲ့ထိုကျွန်းပေါ်က တစ်ခြားခွေးလေးတွေနဲ့မိတ်ဆွေဖြစ်ပြီး Spots ရှာပုံတော်ဖွင့်တဲ့ စွန်းစားခန်းလေး ဖြစ်လာတော့တယ်။ .အသံအဖြစ်သရုပ်ဆောင်ပေးခဲ့ကြတဲ့ သရုပ်ဆောင်တွေကတော့ Bryan Cranston, Edward Norton, Bill Murray, Jeff Goldblum, Greta Gerwig, Frances McDormand, Scarlett Johansson, Live Schreiber, Anjelica Huston, Tilda Swinton, Ken Watanabe နဲ့Harvey Keitel အစရှိတဲ့ တစ်ကယ့်ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်ကြီးတွေနဲ့ Wes Anderson ထုံးစံအတိုင်း အားဖြည့်ထားတယ်။ Isle of Dogs ဟာ Wes Anderson ရဲ့အကောင်းဆုံးဇာတ်ကား မဟုတ်ခဲ့ပါဘူး။ ထို့အပြင် Wes Anderson ရဲ့ပထမ stop motion ဇာတ်ကားဖြစ်တဲ့ Fantastic Mr. Fox လောက်လည်း ရင်ထဲမရောက်ခဲ့ပါဘူး။ ဇာတ်ကားရဲ့3rd Act က Wes ဇာတ်ကားတွေထဲမှာ အညံ့ဖျင်းဆုံးနဲ့အလွယ်ဆုံး ရေးသားထားတဲ့ ဇာတ်ညွှန်းဆိုတာကိုတော့ ကြည့်ပြီးသူတိုင်း သိနိုင်ပါတယ်။ ဇာတ်လမ်းအရ အပြစ်ပြောစရာတွေရှိနေခဲ့တယ်ဆိုပေမဲ့လည်း အနုပညာဖန်တီးမှု အတိုင်းအတာအနေနဲ့ကြည့်မယ်ဆိုရင် လေးစားဖို့ကောင်းတဲ့ အသေးစိပ်ဖန်တီးချက်တွေကြောင့် 2018 ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်သင့်တယ်လို့တော့ ကျွန်တော်ယူဆမိတယ်။ လေးစားဖို့ကောင်းတာတစ်ခုကတော့ Wes က သူ့ရဲ့ visual ပိုင်းဆိုင်ရာ tranquility ကိုတော့ အခုထိ မပျောက်အောင် ဆက်လက်ထိန်းသိမ်းနိုင်ထားသလို Wes Anderson ဇာတ်ကားတွေမှာ သတ်မှတ်ထားတဲ့ Genre သပ်သပ်ရှိတယ်လို့အခုထိ မခံစားရသေးတာပဲ။ ဒါကြောင့်လည်း သူ့ဇာတ်ကားတွေကို Wes genre လို့သီးသန့်နာမည်ပေး ခေါ်ဆိုနေကြတာပေါ့။ REVIEW CREDIT =-=-=-=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-700MB RESOLUTION-1080P -=-=-=-=-=-=-=-=-=

Comment

Leave a Reply