Status: Completed Released: Jan 21, 2023 Duration: 1 hr. 10 min. Type: Drama Episodes: 16
ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းတွဲလေးကတော့ သေမင်းနဲ့ထူးခြားတဲ့အစွမ်းရှိတဲ့ဆရာဝန်မလေးကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားထဲမှာပါဝင်တဲ့မင်းသားကတော့ Mr.Queenထဲမှာအဓိကမင်းသားနေရာကနေပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kim Jung-Hyunပဲဖြစ်ပါတယ်
ဇာတ်ကြောင်းလေးပြောရမယ်ဆိုရင်...
အတိတ်ဘဝတုန်းက Kok-Duနဲ့
Kok-Duဟာနတ်ဘုရားတစ်ပါးဖြစ်ပေမယ့် ဘုရားသခင်ရဲ့အမြတ်တော်ကြောင့် သေမင်းအဖြစ်သို့ပြစ်ဒဏ်ခံနေရပြီး
သူ့ရဲ့တာဝန်ကတော့ သေဆုံးသွားတဲ့လူသားတွေကို လမ်းပြပေးရတာပဲဖြစ်ပါတယ်
သူဟာသွေးအေးအေးနဲ့ရက်စက်တဲ့သေမင်းတစ်ပါးဖြစ်ပြီးတော့ ၉၉နှစ်သေမင်းတာဝန်ကိုထမ်းဆောင်ပြီးရင် လူသားကမ္ဘာထဲကခန္ဓာကိုယ်တစ်ခုကိုပိုင်ဆိုင်ပြီးတော့ နေထိုင်လို့ရပါတယ်
ဒီလိုနဲ့ပဲ Han Gye-Jeolဆိုတဲ့ဆရာဝန်မလေးနဲ့ ကံကြမ္မာဖန်တီးမှုကြောင့် မမျှော်လင့်ပဲတွေ့ဆုံလာပါတော့တယ်
မိဘမဲ့တစ်ယောက်ဖြစ်ပြီးငယ်ငယ်ကတည်းကအနှိမ်ခံလာရတဲ့ဆရာဝန်မလေးဟာ Kok-Duနဲ့တွေဆုံပြီးဘယ်လိုမျိုးနှောင်ကြိုးတွေဖြစ်လာပြီး ပြောင်းလဲမှုတွေဖြစ်လာမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်