Moana live action ၂၀၂၆ ထွက် ဇာတ်ကားသစ် အကြည်လေးကြည့်လိုရပါပြီ။
ဟိုးရှေးရှေးတုန်းက နတ်တစ်ပိုင်းလူတစ်ပိုင်းမာဝီဟာ နတ်ဘုရားမ ထဖီတီရဲ့ နှလုံးသားကိုခိုးယူခဲ့လို ကမ္ဘာမြေပေါ် ကျိန်စာတွေကျရောက်ခဲ့ပါတယ်။ နှစ်ပေါင်းတစ်ထောင်ကြာတဲ့အခါ မိုတူနူအီကျွန်းလေးကိုကယ်တင်ဖို သမုဒ္ဒရာကြီးက ကျွန်းသူကြီးရဲ့သမီး 'မိုအာနာ' ကို ရွေးချယ်လိုက်ပါတယ်။ ဒါကြောင့် မိုအာနာဟာ အဖွားဖြစ်သူရဲ့လမ်းညွှန်မှုနဲ့အတူ မာဝီကိုရှာပြီး ထဖီတီရဲ့နှလုံးသားကိုပြန်ပေးဖို သမုဒ္ဒရာပြင်ကျယ်ဆီ ရဲရဲဝံ့ဝံ့ထွက်ခွာသွားပါတော့တယ်။
မိုအာနာနဲ့ မာဝီတို ခရီးတစ်လျှောက် အဆင်ပြေပြေတည့်ကြပါ့မလား၊ ထဖီတီရဲ့နှလုံးသားကိုရော ပြန်ထားနိုင်ပါ့မလားဆိုတာ ဒီတစ်ခါမှာတော့ live action လေးနဲ့ပြန်လည်ခံစားရမှာပါ။ Live action ဇာတ်ကားဖြစ်တဲ့အတွက် သရုပ်ဆောင်တွေနဲ့ကိုက်ညီတဲ့ ဒိုင်ယာလော့ဂ်တွေကိုလည်း ပြုပြင်ပြီးထည့်သွင်းထားတာမိုလို ဒီတစ်ခါလည်းကြည့်ရတာထူးထူးခြားခြားလေးဖြစ်နေမှာပါ။
Translated by Stay-K & Bex
Encoded by KIRA