ဒီဇာတ်ကားလေးကတော့ My ID is Gangnam beauty ဆိုတဲ့ webtoon ကို အခြေခံပြီး ရိုက်ကူးထားတာပါ။
ရုပ်ဆိုးတဲ့အတွက် ပလတ်စတစ်ဆာဂျရီလုပ်ကာ မိမိကိုယ်ကို ပြောင်းလဲပစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက် လှပမှုရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို
ရှာဖွေရမှာဖြစ်တဲ့ပုံကို သရုပ်ဖော်ရိုက်ကူးထားပါတယ်။
Kang Mi Rae ဟာ ရုပ်ဆိုးတဲ့အတွက် သူ့ဘဝတစ်လျှောက်လုံး အနိုင်ကျင့်ခံခဲ့ရပါတယ်။ ပွင့်လင်းပေမယ့် မလုံမလဲဖြစ်နေတဲ့ Mi Rae ဟာ ခွဲစိတ်ပြုပြင်ခဲ့ပြီး အသွင်သစ်နဲ့ တက္ကသိုလ်တက်ခဲ့ပါတယ်။
ဒါပေမဲ့ အနိုင်ကျင့်ခံရတာတော့ မရပ်သွားခဲ့ပါဘူး။ သူ့ရဲ့ပြင်ထားတဲ့မျက်နှာကိုလှောင်ပြောင်ပြီး Gangnam beauty လို့ခေါ်ခဲ့ကြပါတယ်။
Do Kyung Suk ဆိုတဲ့ကျောင်းသားက ချမ်းသာတယ်။ ရုပ်ချောတယ်။ ဉာဏ်ကောင်းပါတယ်။ အားလုံးကိုပိုင်ဆိုင်ထားပြီး အေးတိအေးစက်လည်းနိုင်ပါတယ်။ ဒါပေမဲ့လည်း အတွင်းစိတ်မှာတော့ ဂရုစိုက်တတ်ပါတယ်။ နောက်ဆုံးမှာ Mi Rae ကိုကြိုက်သွားခဲ့ပြီး အလှအပရဲ့အစစ်အမှန်က မိမိကိုယ်မှာသာရှိကြောင်း သိအောင်လုပ်ပေးမှာဖြစ်ပါတယ်။
Translated by - Miki
Encoded by - Nezu