1. Home
  2. Roma
  3. Roma-Movie

Roma-Movie

Movie Sub Released on June 11, 2021 · ? views · Posted by admin · Series Roma

Expand
Turn Off Light
Download
Meganz 1080P
Sharer 1080 P

Roma-Movie အား ဒေါင်းလုဒ် ။ Roma-Movie အား တိုက်ရိုက်ကြည့် ။ Like နှင့် Share ခလုတ် အားနိပ်ဖို့မမေ့ပါနဲ့နော် ။ ဇာတ်လမ်း Roma ကို MMFILMs တွင် အခြား ချန်နယ်များနှင့်အညီ တင်သွားပေးမည်ဖြစ်သည်။ အခြား ဇာတ်ကားများကိုလည်း ကြည့်ရှုဖို့ မမေ့နဲ့နော်။

Movie

Roma

Roma

Rating 7.7
Status: Completed Released: 21 Nov 2018 Duration: 135 min Country: , Type: Movie Director: Casts: , , ,
ဒီဇာတ်ကားလေးဟာဆိုရင် 2018 ရဲ့ အကောင်းဆုံးဇာတ်ကားထဲက တစ်ကားဆိုလည်း မမှားနိုင်ပါဘူး။ Roma ဆိုတာဟာ Mexico နိုင်ငံမြို့တော်ဖြစ်တဲ့ Mexico City မှာရှိတဲ့ Colonia Roma လို့ ခေါ်တဲ့ ရပ်ကွက်နာမည်ကို ဆိုလိုတာပါ။ Cleo ဟာ Colonia Roma ရပ်ကွက်ထဲမှာရှိတဲ့ Sofia တို့ အိမ်မှာ အလုပ်လုပ်နေတဲ့ အိမ်အကူတစ်ယောက်ပေါ့။ Sofia တို့ အိမ်မှာ သူ့ယောင်္ကျားဖြစ်တဲ့သူရယ်၊ ကလေး ၄ ယောက်ရယ်၊ အဖွားရယ်၊ နောက်အိမ်အကူတစ်ယောက်ရယ် တူတူနေကြတယ်။ဇာတ်လမ်းဟာ ဒီဇာတ်ကောင်တွေကြားမှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေကို ၁၉၇၀ ခုနစ် မက္ကဆီကိုမှာဖြစ်နေတဲ့ လူနေမှုအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ရောယှက်တင်ပြထားတယ်။ဇာတ်လမ်းဟာ Cleo ကို အခြေတည်ထားတာပါ။ ၁၉၇၀-၁၉၇၁ ခုနစ်မှာ ဖြစ်ပျက်တဲ့ အကြောင်းတွေကို ရိုက်ထားတာမို့ ထိုအချိန်က မက္ကဆီကိုနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ အဲ့အချိန်မှာ မက္ကဆီကိုမှာ Dirty war လို့ လူသိများတဲ့ ပြည်တွင်းမငြိမ်သက်မှု အရှိန်ရနေချိန်ပါ။ အမေရိကန်နောက်ခံအားပေးမှုရထားတဲ့ လက်ရှိအစိုးရနဲ့၊ ကျောင်းသားတွေကြားက ပဋိပက္ခတွေ ရင်ကြားစေ့မရ ရှိနေချိန်ဖြစ်ပါတယ်။ထိုနိုင်ငံရေးအခြေအနေတွေဟာ ဇာတ်လမ်းရဲ့နောက်ကွယ်မှာ စကတည်းက ရှိနေပါတယ်။ အမြဲတမ်းလိုလိုရှိနေပေမယ့် ဇာတ်လမ်းရဲ့အရှိန်ကို လျော့သွားလောက်အောင်ထိ ရှေ့မရောက်ပါဘူး။ အဲ ဇာတ်လမ်းဟာ ထိုနိုင်ငံရေးအခြေအနေတွေနဲ့ ရောထွေးပြီးရှုပ်ထွေးလာချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုလိုက်ရအောင်နော်....   Translated by - Nezu Encoded by - Nezu

Comment

Leave a Reply