Kinda Pregnant (2025)
ကလေးဘဝတည်းက လိန်နီဟာ မိသားစုတစ်စုတည်ထောင်ဖို့အိပ်မက်ရှိခဲ့တယ်။ လိန်နီ့မှာ အခင်ဆုံးသူငယ်ချင်းကိတ်ရှိတယ်။ ကိတ် အိမ်ထောင်ကျပြီးကလေးရလာတော့ လိန်နီက ကိတ်ရဲ့မိသားစုဘဝကိုအရမ်းအားကျပြီး သူ့ချစ်သူဒေ့ဗ်ဆီကနေ လက်ထပ်ခွင့်တောင်းလာဖို့မျှော်လင့်မိတော့တယ်။ ဒါပေမဲ့အထင်နဲ့အမြင်လွဲသွားပြီ ဒေ့ဗ်နဲ့ပျက်သွားတယ်။ နောက်နေ့ ကိတ်နဲ့ကလေးပစ္စည်းလိုက်ကြည့်ပေးရင်း ဗိုက်ကြီးချင်ယောင်ဆောင်ဖို့အကြောင်းဖန်သွားခဲ့တယ်။ ကိုယ်ဝန်သည်ကို လူတွေကဦးစားပေး၊ ချစ်ခင်ဂုဏ်ပြုပေးကြတာမြင်တော့ လိန်နီလည်း ဟန်ဆောင်ရတာကိုပိုပြီးကျေနပ်လာတယ်။ ဒါပေမဲ့သူတကယ်ချစ်မိမယ့် ဂျော့ရှ်နဲ့တွေ့တဲ့အချိန်မှာတော့ ဂျော့ရှ်ဘက်က သူ့ကလေးအထိပါချစ်ပေးနိုင်တယ်လို့ပြောလာပေမဲ့ တစ်တောင်ပေါ်တစ်တောင်ဆင့်ရင်း အလိမ်ညာတွေအများကြီးပြောခဲ့တဲ့လိန်နီက ဘယ်လိုမှစိတ်ဖြောင့်ဖြောင့်နဲ့ ပြန်မချစ်နိုင်ဘူးဖြစ်သွားတယ်။ လိန်နီရဲ့ဟန်ဆောင်ထားတဲ့ဗိုက်ကိစ္စနဲ့ ဂျော့ရှ်နဲ့ဇာတ်လမ်းတို့ ဘာဆက်ဖြစ်မလဲဒီကားလေးထဲမှာ စောင့်ကြည့်ပေးကြပါဦး။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
