ဒီတစ်ခါမှာတော့ IMDb 7.4 ရရှိထားတဲ့ Horror ဆန်ဆန်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဒီထရိုက်မြို့လေးကို အလုပ်အင်တာဗျူးအတွက် ရောက်လာတဲ့ တက်စ်ဟာ အိမ်ငှါးဝန်ဆောင်မှုတစ်ခုကနေ အိမ်တစ်လုံးကိုငှါးရမ်းခဲ့ပါတယ်။
တကယ်မှာတော့ ဒီအိမ်မှာ လူငှါးတစ်ယောက်ရှိနှင့်နေပြီးဖြစ်ပါတယ်။ သူ့နာမည်ကတော့ ကိတ်ဒ် ပါ။
တက်စ်လည်း ရွေးချယ်စရာမရှိတဲ့အဆုံး ကိတ်ဒ်နဲ့နေဖို့ရွေးချယ်ပြီးနောက်နေ့မှာတော့ သူမရွေးချယ်မှုက မှန်ကန်ပါ့မလား၊ ဘယ်လို ခြောက်ခြားစရာတွေ ပေါ်ပေါက်လာဦးမလဲဆိုတာ အသည်းတယားယား ကြည့်ရမယ့် ကားပဲဖြစ်ပါတယ်
ရိုက်ကူးထားတဲ့ ဒါရိုက်တာကလည်း အားလုံးကြိုက်ကြတဲ့ IT ဇာတ်ကားရဲ့ ဒါရိုက်တာကြီး ကရိုက်ကူးထားတဲ့အပြင် Pennywise တစ်ဖြစ်လဲ အသည်းကျော် Bill Skarsgård လည်း ပါဝင်ထားလို့ Trailer ကြည့်ပြီးတည်းက အားလုံးမျှော်လင့်နေတဲ့ကားတစ်ကားဖြစ်လို့ မျှော်လင့်ထားသလိုပဲ ဘယ်လို အလှည့်အပြောင်းတွေ လုပ်ထားဦးမလဲ ကြည့်ရှုလိုက်ရအောင်
Translated by MMFilm Team Reviewed by May Oo Encoded by Aye Chan



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
