ဝင်ငွေအကောင်းဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်နေတဲ့ ဘာဘီ Live Action လေးအကြည်ရလာပါပြီ။
ဒီ Live Action ဟာ မူရင်းBarbie Concept နဲ့အနီးစပ်ဆုံးဖြစ်အောင်စနစ်တကျ ဖန်တီးရိုက်ကူးထားပြီး ကမ္ဘာတဝှမ်းမှာအအောင်မြင်ဆုံးဖြစ်နေတဲ့ ကားလေးလည်းဖြစ်ပါတယ်။ မိန်းကလေးငယ်လေးတွေရဲ့ စိတ်ကူးနဲ့ စွမ်းရည်တွေကို ကိုယ်စားပြုနေတဲ့ ဘာဘီလေးတွေရဲ့ကမ္ဘာ နဲ့တကယ့်ပြင်ပကမ္ဘာရဲ့ ကွာခြားမှုကို ယှဥ်တွဲပြထားတဲ့ ဒီကားဟာ သီအိုရီအရလည်း မက်ဆေ့မျိုးစုံပေးထားတဲ့ ကားလေးပါပဲ…။
ဇာတ်ကြောင်းအကျဥ်းကတော့ ဘာဘီကမ္ဘာမှာ ဘာဘီလေးတွေဟာ နေ့စဥ်နေ့တိုင်းမှာ ဘ၀ကို သမာရိုးကျအတိုင်း ပျော်ရွှင်စွာရှင်သန်ဖြတ်သန်းနေကြပါတယ်။
တစ်နေ့ သူတိုထဲက ဘာဘီတစ်ယောက်ဟာ သာမန်ဖြစ်စဥ်ကနေကွဲပြားပြီး ချိုယွင်းမှုတွေဖြစ်လာတာကြောင့် ကုသဖိုအတွက် ပြင်ကမ္ဘာက သူမကိုကစားနေတဲ့ ကလေးမလေးဆီသွားရှာပြီး ပြင်ဆင်မှရမယ်လိုဖြစ်လာတော့ သူမဟာ ကန်နဲ့အတူတူ ပြင်ပကမ္ဘာဆီကို ထွက်ခွာလာခဲ့ပါတယ်…။
နေ့စဥ် သမားရိုးကျဘ၀နဲ့ ရှင်သန်ခဲ့တဲ့ဘာဘီ….
သူမဟာ မိန်းကလေးတွေရဲ့ စံပြဖြစ်တယ်လို ခံယူထားတဲ့ဘာဘီရဲ့ ပိုင်ရှင်ရှာဖွေမှုခရီးစဥ်မှာ …သူမကြုံတွေ့လိုက်ရတဲ့ ဖြစ်စဥ်တွေ / လူတွေရဲ့ထင်မြင်ယူဆချက်တွေက သူမရဲ့ စိတ်ကူးအတိုင်း ဖြစ်နေရဲ့လား…။
ဒီခရီးစဥ်ဟာ သူမရဲ့ချိုယွင်းမှုကို ပြင်ဆင်နိုင်တဲ့ခရီးစဥ်ဖြစ်ခဲ့ရဲ့လား…။
သာမန်ဘာဘီလေးဖြစ်တဲ့ သူမဘ၀ကို ဒီခရီးစဥ်က ဘယ်လိုပြောင်းလဲပေးလိုက်သလဲဆိုတာ…
သွက်လက်ပေါ့ပါးစွာ..စိတ်ကြည်နူးစရာ အပြင်အဆင်တွေနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးပါ။ IMDB 7.3 ရထားပါတယ်။ ရှုစားကြပါဦး။
Translated by Ariel ,Mona & MooN
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ




