ဇာတ်လမ်းအကျဥ်းလေးကတော့…..
ဗီဘိုဟီနဲ့ ချီရန်ဂျီတို့ဟာ သူ့အဖေအမွေပေးခဲ့တဲ့ တန်တရာအတတ်နဲ့ ကောင်းတဲ့နေရာမှာ အသုံးမချဘဲ လူတွေကိုလိမ်စားနေကြပါတယ်။
တစ်နေ့မှာတော့ တောင်ကုန်းပေါ်က ရွာလေးတစ်ရွာမှာနေတဲ့ မာယာဆိုတဲ့ကောင်မလေးတစ်ယောက် ရောက်လာပြီး သူတို့နှစ်ယောက်ရဲ့အဖေ အူလ(တ်) ဘာဘာနဲ့ တွေ့ချင်တယ်လို့ ပြောပါတယ်။
အူလ(တ်) ဘာဘာနဲ့ ဘာကြောင့်တွေ့ချင်ရသလဲမေးတဲ့အခါမှာတော့မာယာတို့ရွာမှာ အရင်က သရဲတစ်ကောင် သောင်းကျန်းဖူးကြောင်း
အဲဒီသရဲကို အူလ(တ်) ဘာဘာက နှင်ထုတ်ပေးခဲ့တဲ့အတွက်ထွက်ပြေးသွားကြောင်း အခုတစ်ခါလည်း အဲဒီသရဲ သောင်းကျန်းနေလို့ဘာဘာကိုလာပင့်တာဖြစ်ကြောင်း သိလိုက်ရပါတယ်။
အူလ(တ်) ဘာဘာမရှိတော့ပေမဲ့ လူတွေဆီကသရဲအကြောင်းပြပြီးလိမ်စားနေကြတဲ့ သူ့ရဲ့သားတွေက သရဲအလကားနှင်ပေးမယ်ဆိုပြီး မာယာနဲ့လိုက်လာပါတယ်။
အဲ့ဒီနောက်မှာတော့…..ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့……
Translated by – Xenon
Encoded by – Aye Chan



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
