ဒီဇာတ်ကားလေးကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် minions လေးတွေရဲ့ လေးကားမြောက် ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဇာတ်လိုက် ဗီလိန်ကြီး ဂရု အနေနဲ့ အချိန်တွေကြာမြင့်ပြီးလို သားလေးတစ်ယောက်ပါ ရရှိနေပြီဖြစ်ပါတယ်။ ဗီလိန်ဘဝကနေ အနားယူပြီး ဗီလိန်တွေကို ပြန်ပြီးဖမ်းဆီးနှိမ်နင်းတဲ့ AVL ေအေးဂျင့် ဂရုတစ်ယောက် ဒီတစ်ခေါက်မှာတော့ ကလေးအရွယ်ကတည်းက မတည့်တဲ့ မက်ဆီမ်လယ်မယ်ကို ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ဖမ်းပြီး ထောင်ထဲပိုလိုက်ပါတော့တယ်။
အားလုံးရှေ့မှာ အရှက်ကွဲသွားတဲ့ မက်ဆီမ်တစ်ယောက် သူ့ကိုယ်ကို ပိုးဟပ်တစ်ကောင် အသွင်ပြောင်းပြီး ဂရု့ကို လက်စားချေဖို ထောင်ဖောက်ပြေးသွားတဲ့အခါမှာတော့ ဂရုတိုမိသားစု သူတိုအိမ်ကနေ စွန့်ခွါပြီး AVLက သတ်မှတ်ပေးထားတဲ့ မြိုအသစ်က နေရာအသစ်မှာ သွားနေရတဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲ သူတိုဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲဆိုတာကို ထုံးစံအတိုင်း minions လေးတွေနဲ့ ရယ်ရယ်မောမောကြည့်ရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။
Translated & Reviewed by Win Htut
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
