IMDb Rating – 6.5/10
ဒီတစ်ခေါက်မှာတော့ IMDb 6.5/10 ရထားတဲ့ Disney Movies အလန်းစား Comedy
SuperHero ဇာတ်ကားလေး ဖြစ်တဲ့ Flora and Ulysses ဆိုတဲ့ မိသားစုဇာတ်ကားလေးကို
အသက် ဆယ်နှစ်အရွယ် ဖလော်ရာဆိုတဲ့ကောင်မလေးဟာ သူမအဖေရေးထားတဲ့ ကောမစ်
စာအုပ်တွေဖတ်ရတာကြိုက်ပြီး စိတ်ကူးစိတ်သန်းများစွာရှိတဲ့ ကလေးမလေးဖြစ်ပါတယ်။
တစ်နေ့မှာ ယူလစ်စီဆိုတဲ့ ရှဉ့်လေးတစ်ကောင်ကို မထင်မှတ်ထားဘဲ ကယ်တင်လိုက်ပြီးတဲ့နောက်မှာ
ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုအနေနဲ့ အဲ့ရှဉ့်ကလေးဟာ အစွမ်းသတိတွေရှိနေပါတယ်၊ တစ်နေ့မှာ
တော့ ရှဥ့်လေးကို တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲက လိုက်လံဖမ်းစီးတာကြောင့် အဲ့ ရှဥ့်ကလေးနဲ့အတူ
ထွက်ပြေးရပါတော့တယ်၊ ဒီကားလေးထဲမှာ ရှဥ့်ကလေးရဲ့ အစွမ်းနဲ့ ပေါင်းပြီး ဘယ်လိုစွန့်စားခန်းတွေ
ကြုံရမလဲ ဆိုတာကို အသည်းတယားယားနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်၊ ရှဉ့်ကလေး ယူလစ်စီရဲ့ ချစ်ဖို့
ကောင်းတဲ့အပြုအမူတွေအပြင် ကလေးလေးတွေရဲ့ လောကကြီးအပေါ်ထားတဲ့ အပြစ်ကင်းတဲ့ အမြင်
ချစ်ခြင်းမေတ္တာရဲ့ အရေးကြီးတဲ့အချက် စတာလေးတွေကိုပါ ပေါ့ပေါ့ပါးပါး ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်၊



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
