ဒီကားလေးကတော့ ခုလတ်တလောမှာထွက်ရှိထားတဲ့ horror,thriller အမျိုးအစားကားလေးပါ။ Rating ကလည်း 6.4 လောက်ထိရထားတော့ ကောင်းတဲ့ကားအမျိုးအစားထဲမှာ ပါပါတယ်။ ဇာတ်ကားကိုက horror,thrillerအမျိုးအစားဖြစ်တဲ့အတွက် ကြောင့် တုန်လှုပ်ခြောက်ခြားပြီးသည်းထိပ်ရင်ဖိုကောင်းနေမှာပါ။
ဇာတ်လမ်းအစက တောထဲမှာ မိသားစုလေးတစ်စုက အမဲလိုက်ရင်းအသက်မွေးဝမ်းကျောင်းပြုနေထိုင်ကြပြီး မိသားစုဝင်ဆိုလို့ အဖေရယ် အမေရယ် သမီးလေးရယ်ပဲ ရှိကြပါတယ်။ မိန်းမဖြစ်သူက ဒီလိုလုပ်ရတာကိုသဘောသိပ်မကျပါဘူး။ ဒါပေမဲ့လည်း I chose it when I chose you ဆိုတဲ့အတိုင်း ယောကျ်ားဖြစ်သူကိုရွေးလိုက်မိတော့ဒီအလုပ်ကို တစ်ပိုင်းတစ်စလုပ်ကိုင်ရပါတော့တယ်။
တစ်နေ့အမဲလိုက်ရင်း ဝံပုလွေတစ်ကောင်ကိုတွေ့တဲ့အခါ အန္တရာယ်ကျမှာရယ် အစားအသောက်စရိတ်လုပ်ဖို့ရယ်အတွက်ယောကျ်ားဖြစ်သူက ဝံပုလွေကိုဖမ်းဖို့ သွားပါတော့တယ်။ တောထဲရောက်တော့ပြန်မလာ သတင်းလည်းမကြားရတော့ပါဘူး။ ကျန်တဲ့သူမိန်းမနဲ့ကလေးကလည်း ယောကျ်ားပြန်အလာကိုစောင့်နေလေရဲ့။ မထင်မှတ်ပဲ သူတို့ဆီကို လူစိမ်းတစ်ယာက်ရောက်လာပါတယ်။ အဲလူစိမ်းက သူအဖေနဲ့ ဘယ်လိုပတ်သတ်မှု ရှိလည်း။ သူအဖေကရော ဘယ်အချိန်ပြန်ရောက်လာမှာလဲ ။လူစိမ်းကရော အကူညီရမှာလား။ ပြီးသူတို့သားအမိကရော ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ။ ကြည့်လိုက်ကြပါဦး။
Translated by – Nezu
Encoded by – Nezu



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
