အခုတင်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့”Interstellar”ပါ။
ဇာတ်လမ်းကတော့ သိပ်မဝေးတဲ့ အနာဂတ်တချိန်မှာ လူတွေနေတဲ့ ကမ္ဘာမှာ သဲတွေအလွန်များနေပြီး သဲမုန်တိုင်းတွေကြောင့်လည်း လူတွေဟာ အစာရေစာ ရှားပါးမှု ကြုံလာရပါတယ်။ ဒီလူတွေထဲမှာ ယခင် NASA ရဲ့ ယာဉ်မောင်းအဟောင်း Cooper နဲ့သူ့မိသားစုလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့သမီး Murph ရဲ့ အခန်းထဲမှာ ထူးဆန်းတဲ့ သင်္ကေတ တချို့ကို တွေ့ခဲ့ပြီး နောက်ဆုံး အဲ့ဒီ သင်္ကေတတွေဟာ Cooper နဲ့ Murph ကို NASA ရဲ့ အထူးလျှို့ဝှက် စီမံကိန်း Lazarus ရဲ့ တည်နေရာ ကို ရောက်သွားပါတယ်။ ဒါနဲ့ပဲ တိုတိုပြောရရင် Cooper တစ်ယောက် မိသားစုကို မထားချင်ဘဲ ထားခဲ့ပြီး လူသားတွေ အခြေချနိုင်ဖို့ နောက် ကမ္ဘာတစ်ခုကို ရှာဖို့ အာကာသထဲ ခရီးထွက်ခဲ့ပါတယ်။ သူတို့ရဲ့ Endurance ယာဉ်ပေါ်မှာ Cooper နဲ့ Amelia အပါအဝင် လူ ၅ ယောက်၊ စက်ရုပ် ၂ ရုပ်တို့ ပါသွားပါတယ်။
သူတို့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ အရင်က ကမ္ဘာသစ်ရှာဖို့ ထွက်ခဲ့တဲ့ အာကာသယာဉ်မှူးတွေ အခြေချပြီး အခုထိ အချက်ပြနေတဲ့ ဂြိုလ် ၃ ခုကို သွားပြီး ဘယ် ဂြိုလ်မှာ လူတွေ အခြေချနိုင်မလဲ ဆိုတာ ရှာဖွေဖို့ပါပဲ။ ဒါပေမဲ့ သူတို့ ခရီးစဉ် ဟာ မမျှော်လင့်ဘဲ အခက်အခဲတွေ တွေ့ခဲ့ရပြီး သူတို့ အခြေချခဲ့တဲ့ ပထမဆုံး ဂြိုလ် Miller မှာ အာကာသအချိန်ကြောင့် အဲ့ဒီ ဂြိုလ်မှာ ၁ နာရီ ဟာ အပြင်မှာ ရ နှစ်ကြာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်တော့ တခြား ဂြိုလ်တွေကို သွားဖို့ အချိန်ရော၊ ဆီရော မလုံလောက်တော့ပါဘူး။ ပြီးတော့ အိမ်လည်း ပြန်ချင်နေပြီ ဖြစ်တဲ့ Cooper နဲ့ Amelia တို့ ဟာ လူသားတွေ အတွက် သူတို့ အသက်ကို မနှမြောရတော့တဲ့ အခြေအနေတွေ ရောက်လာခဲ့ပါတယ်…။
ဒီဇာတ်ကားဟာ Science Fiction အမျိုးအစားဖြစ်ပြီး သေချာတာကတော့ ဒီကားကို ကြည့်နေတဲ့ အချိန်မှာ တခြားဟာတွေ အကုန်လုံး မေ့သွားမှာပါ။ ဇာတ်ကားထဲမှာ ပါတဲ့ သိပ္ပံ နဲ့ သချင်္ာ အချက်အလက်တွေဟာလည်း တိကျမှန်ကန်လွန်းလို့ ဝေဖန်သူတွေကလည်း ချီးကျူးခဲ့တဲ့ ဇာတ်ကားဖြစ်သလို အတွေ့အကြံုရင့်ပြီးသား ဒါရိုက်တာ Christopher Nolan ဟာလည်း ဒီကားမှာ သူ့ရဲ့ အကောင်းဆုံး လက်ရာကို ချပြနိုင်ခဲ့တယ် လို့ ထင်ပါတယ်။ ကြည့်နေတဲ့ အချိန်မှာတော့ ဒီကားရဲ့ အဓိကအချက်တွေကို နားလည်ဖို့ ခက်ခဲနိုင်တာကြောင့် Dictionary လေးတစ်ခု ရှိရင် ပိုအဆင်ပြေမှာပါ။ ဘာလို့လည်း ဆိုတော့ သူ့ရဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ Einstein ရဲ့ Relativity theory ကို အခြေခံပြီး Black Hole, Worm Hole, Space time စတဲ့ ပညာရပ်ဆိုင်ရာ စကားလုံး နဲ့ ရှင်းပြချက်တွေ အများကြီးပါဝင်လို့ပါ။ ဒါပေမဲ့ ကြည့်ရတာ ပျင်းဖို့ ကောင်းမှာ မဟုတ်ဘဲ တကယ်ကြည့်ရတာ တန်မယ့် Interstellar ကို ကြည့်ဖို့ ညွှန်းလိုက်ပါရစေ။
REVIEW CREDIT
-=-=-=-=-=-=-=-=-=-=
ENCODED BY HAY MAN
SIZE-1.6GB
RESOLUTION-1080P
-=-=-=-=-=-=-=-=-=-=-=



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
