M3GAN 2.0 (2025)
2022ခုနှစ်က ထွက်ရှိခဲ့တဲ့ M3GAN ကိုကြိုက်ခဲ့တယ်ဆိုရင်တော့ M3GAN 2.0 က လက်မလွတ်သင့်တဲ့ နောက်ဆက်တွဲဇာတ်လမ်းပါ အရင်M3GAN မှာတော့ ချစ်ခြင်းတရားကို ကာကွယ်ပေးခြင်းလို့ပဲ နားလည်တတ်ခဲ့တဲ့အတွက်ကြောင့် မက်ဂန်ရဲ့ချစ်ခြင်းဟာ တဖြည်းဖြည်းနဲ့ ဆိုးရွားလာတဲ့ ဆုံးဖြတ်ချက်တွေအဖြစ် ပြောင်းသွားစေခဲ့ပြီး သွေးပျက်ဖွယ်အခိုက်အတန့်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်
ဒီလိုကြေကွဲစရာအဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးနောက်မှာ မူလM3GAN ကိုဖန်တီးခဲ့တဲ့ ဂျမ်မာဟာ သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် ထိခိုက်နာကျင်နေရဆဲဖြစ်သလို တစ်ချိန်က မက်ဂန်ရဲ့ကာကွယ်မှုကို လိုအပ်ခဲ့တဲ့ ကေဒီဆိုတဲ့ကလေးမလေးကတော့ နည်းပညာပိုင်း ကျွမ်းကျင်လာကာ ပိုထက်မြက်ပြီး သန်မာလာတဲ့ ဆယ်ကျော်သက်မလေး ဖြစ်လာပါတယ်
ဂျမ်မာတို့အဖွဲ့ဟာ နည်းပညာအသစ်မိတ်ဆက်ဖို့ ကြိုးစားနေချိန်မှာ သူမတို့မသိလိုက်ပါဘဲ လူတစ်စုက M3GAN ရဲ့နည်းပညာကို အသုံးချပြီး အာမီလီယာဆိုတဲ့ စစ်တပ်သုံးအဆင့်ရှိတဲ့ humanoid robot ကို ဖန်တီးခဲ့ကြပါတယ် စစချင်းမှာတော့ အာမီလီယာဟာ အမိန့်အတိုင်းမောင်းနှင်တဲ့ စက်ရုပ်တစ်ရုပ်ပဲဖြစ်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူမက မိမိကိုယ်ကိုယ် နားလည်လာပြီး အမိန့်တွေကိုမလိုက်နာတော့ဘဲ ကိုယ်ပိုင်မေးခွန်းတွေထုတ်လာပါတော့တယ်
ဒီအန္တရာယ်ကိုတားဆီးဖို့အတွက် ဂျမ်မာဟာ M3GANကိုပြန်ဖန်တီးဖို့ ဆုံးဖြတ်ရပါတော့တယ် ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ M3GANဟာ ဆင့်ကဲပြောင်းလဲလာပြီး ပိုမိုအားကောင်းလာတဲ့ စက်ရုပ်ဖြစ်လာပါတယ် မက်ဂန်နဲ့ ကေဒီတို့ကြားက နှောင်ကြိုးဟာ ဒီတစ်ခါမှာတော့ အကာအကွယ်ပေးခြင်းမဟုတ်တော့ဘဲ လက်တွဲလုပ်ဆောင်ခြင်း ဖြစ်လာပါတယ် သူတို့အတူလက်တွဲပြီး ဒီအန္တရာယ်ကို တားဆီးကြရမှာ မက်ဂန်တစ်ယောက် သူမတို့အပေါ် အဆုံးထိသစ္စာရှိသွားမှာလား ဟန်ဆောင်ရုံသက်သက်ပဲလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
