Materialists (2025)
IMDb Rating (6.7) ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ
လူစီက ဆိုတဲ့ အမျိုးသမီးကအောင်သွယ်တော်လုပ်ပေးတဲ့ကုမ္မဏီမှာ အချစ်ပျောက်တွေကို ရှာဖွေပေးတဲ့ မြှားနတ်မယ်လေးပါ
လူစီရဲ့ အကျိုးဆောင်မှုကြောင့် လက်ထပ်သွားတဲ့စုံတွဲကလည်း ကိုးတွဲတောင်ရှိပါတယ်
နောက်ဆုံးတစ်တွဲကတော့ သူ့ကို လက်ထပ်ဖိတ်စာပို့ထားတဲ့အတွက် လူစီတစ်ယောက် သတို့သမီးနဲ့ သတို့သားကို ဂုဏ်ပြုချင်တာရော သူတို့ အေဂျင်စီရော ကြေညာပြီးသားရအောင် မင်္ဂလာဆောင်ကို သွားရောက်ခဲ့ပါတယ်။မင်္ဂလာဆောင်ကိုရောက်တော့ လူစီဟာ သတို့သားရဲ့အစ်ကိုဖြစ်သူ ဟယ်ရီဆိုတဲ့ ရုပ်ရှိရေလျှံဘဲကြီးနဲ့ ကြုံကြိုက်သွားခဲ့ရင်း စကားပြောဖြစ်ကြပါတယ်။
သူတို့နှစ်ယောက်သား လိုက်ဖက်သလိုရှိပြီး ဟယ်ရီကလည်း သူမကို စိတ်ဝင်စားနေပါတယ်။
အဲအချိန်မှာ သူမ ငါးနှစ်တာတွဲခဲ့တဲ့ ရည်းစားဟောင်း ဆင်းရဲသားကောင်လေး ဂျွန်က မင်္ဂလာဆောင်မှာ စာပွဲထိုးဝင်လုပ်ရင်းက သုံးယောက်သား တွေ့ကြပါတော့တယ်။
အဲဒီလိုနဲ့ လူစီဆိုတဲ့မမတစ်ယောက် ဘဲနှစ်ယောက်ကြား ဘယ်လိုဗျာများပြီး ဘယ်သူ့ကို ရွေးချယ်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမယ့် ဟာသဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်
Translated & Reviewed by Hlaing
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
