Bohemian Rhapsody လို့ ဆိုလိုက်ရင် Freddie Mercury အဖြစ်
အော်စကာ ဆုရအောင် သရုပ်ဆောင် ကောင်းလွန်းတဲ့ မင်းသား Rami Malek ကိုလည်း တန်းပြီးသတိရမိမယ် ထင်ပါတယ်။
ဒီ စီးရီးတွဲမှာလည်း မင်းသား Rami Malek အနေနဲ့ Golden Globe မှာလည်း အဲဒီ ဇာတ်ကောင် အတွက် Nominee အကြိမ်ကြိမ် ဝင်ခဲ့ပြီး အဓိက သရုပ်ဆောင် အနေနဲ့ ဆုတွေ အများကြီး ရခဲ့ ပါတယ်။
အဲဒီ မင်းသားကို ဟက်ကာ တစ်ယောက်၊ အဲဒါထက်ပိုပြီး တော့ စိတ်ကျ ရောဂါ ခံစားနေရတဲ့
သူတစ်ယောက်အနေနဲ့ မှုခင်းတွေ ကို လိုက်ဖော်ထုတ်တဲ့ လူစွန့်စား တစ်ဦး အဖြစ် မြင်တွေ့ကြရဦးမှာပါ။
စိတ်ဝင်စား စရာ ကောင်းတာကြောင့် တစ်ပိုင်း လောက်ကြည့်ရုံနဲ့
နောက် အပိုင်းတွေကိုပါ ဆက်ကြည့်ချင်စိတ် ပေါ်လာမှာ အသေအချာ ပါပဲ။
ဒီ စီးရီး တွဲကို ၂၀၁၅ ခုနှစ် မှာ စပြီး လွှင့်ခဲ့ပါတယ် ၂၀၁၉ ခုနှစ် အထိ Season ၄ ခု လွှင်ခဲ့ပြီး IMDB Rating လည်း
အပိုင်းတိုင်း လိုလို 9 အထက်မှာ သာ ရခဲ့တာပါ။



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
