Rescued by Ruby(2022)
—————————-
စစ်ပြန်ခွေးလေးရဲ့အကြောင်းပြီးမှာတော့ ရှာဖွေရေးခွေးလေးရဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ချစ်စရာခွေးလေးနဲ့ သူ့ရဲ့သခင်တို့ကြားက
သံယောဇဉ်ကို ရိုက်ပြထားလို့ ကြည့်ရတာ ချစ်ဖို့ကောင်းမဲ့ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်ကားအကျဉ်းလေးကတော့
ရူဘီကတော့ ဆိုးပေမဲ့ အရမ်းအနံ့ခံတော်တဲ့ ခွေးမလေးပါ။သူ့ရဲ့သခင် ဒန်နီရယ်က ကယ်ဆယ်ရေးတပ်ဖွဲ့ကိုဝင်ဖို့ ရူဘီကို လေ့ကျင့်ပေးပြီးတော့
အတူတူကြိုးစားကြပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲမှားတာလေးတွေရှိလာတဲ့အခါ ကတောက်ကဆတွေဖြစ်လာပြီးတော့
အဆင်မပြေတာမျိုးတွေကြုံရလာပါတော့တယ်။
ဒီဇာတ်ကားထဲက ကယ်ဆယ်ရေးတပ်ဖွဲ့ရဲ့လုပ်ကိုင်ပုံတွေနဲ့ ကယ်ဆယ်ရေးခွေးလေးတွေရဲ့ဘ၀ကို ပြသထားလို့ တစ်မျိုးလေး စိတ်ဝင်စားဖို့ကောင်းမှာဖြစ်ပါတယ်။
ခွေးချစ်တတ်တဲ့သူလေးတွေအတွက် ကြည့်လို့ကောင်းမဲ့ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှု့ခံစားပေးကြပါအုံးခင်ဗျာ။
Translated and Encoded by mmfilm




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)