ဒီတစ်ခါတော့ Mystery , Sci-Fic ဆန်ဆန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဥ်းလေးကတော့…
ရုသ် နဲ့ ဟယ်ရီဟာ တောအုပ်ထဲကို ခြေလျင်ခရီးထွက်လာတဲ့သမီးရည်းစားနှစ်ယောက်….
ဟယ်ရီက ရုသ်ကို လက်ထပ်ချင်တယ်..
ဒါပေမဲ့ ရုသ်က လက်ထပ်ခြင်းကို အချုပ်အနှောင်တစ်ခုလိုမြင်တယ်။
လက်ထပ်ခွင့်တောင်းတာကို ငြင်းလိုက်ပြီးတဲ့နောက်ကစ ရုသ်က ထူးဆန်းလာတယ်..။ အရင်လို တက်တက်ကြွကြွမဟုတ်ဘဲငေးငိုင်လာတယ်။ လက်ထဲမှာဓားကိုင်ပြီး သူ့ကိုစိုက်ကြည့်နေတတ်တယ်။
ညဘက်တွေလည်း မအိပ်တော့ဘူး….။
အရာအားလုံးဟာ ဂူတစ်ခုထဲကနေအစပြုခဲ့တယ်ဆိုတာ…သူတိုနှစ်ယောက်လုံး သိနိုင်ပါ့မလား…။
IMDB 5.7 ထားတဲ့ Sci-Fic/ Thriller အမျိုးအစားဖြစ်ပါတယ်..။
လှည့်ကွက်ဆန်တဲ့ Plot ကိုလည်း တွေ့ရပါလိမ့်မယ်..။မငြီးငွေ့စရာ ဇာတ်အိမ်မျိုးမို ကြည့်လိုအဆင်ပြေမယ့် ရုပ်ရှင်မျိုးလိုပဲညွှန်းချင်ပါတယ်။
Translated & Reviewed by Ariel
Encoded by Aye Chan




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)