The prosecutor 2024
ဒီကားလေးကတော့ ၂၀၁၆ မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်မူးယစ်ဆေးမှောင်ခိုရောင်းချမှုအပေါ်အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။
ရဲအရာရှိဖော့ချီဟောင်က အစပိုင်းမှာရဲအရာရှိလုပ်ခဲ့ပေမဲ့ တရားစီရင်ရေးစနစ်ကမတရားမှန်းသိတော့ ရဲအလုပ်ကနေထွက်ပြီး ဥပဒေကိုလေ့လာဖို့ဆုံးဖြတ်လိုက်တယ်။ ၇နှစ်ကြာတော့ ဖော့ကအစိုးရရှေ့နေဖြစ်သွားပြီး သူ့အထက်စီနီယာကတော့ ဘောင်ဒင်းဆိုတဲ့ရှေ့နေပါ။ သူပထမဆုံးလိုက်ရတဲ့အမှုက မူးယစ်ဆေးဝါးမှောင်ခိုမှုပါ။ မာကာကစ်ဆိုတဲ့လူငယ်လေးက ဘရာဇီးကနေကိုကင်း ၁ကီလိုဂရမ်ကို ပါဆယ်ပုံးနဲ့လက်ခံရရှိချိန်မှာ ရဲတွေဖမ်းတာခံလိုက်ရပါတယ်။ ဒါပေမဲ့မာကာကစ်က သူ့သူငယ်ချင်းချန်ဂွက်ဝင်းကပိုက်ဆံပေးလို့ သူ့အိမ်လိပ်စာငှားပေးရုံပဲဆိုပြီးငြင်းပါတယ်။ မာကာကစ်ရဲ့ရှေ့နေလယ်ရှီမန်နဲ့ ဥပဒေအကြံပေးအူဖတ်မန်တို့က ဝိုင်းလိမ်ပြီး အပြစ်ဝန်ခံရင် ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်ပြောလို့ မာကာကစ်လည်းအပြစ်ကိုဝန်ခံလိုက်ပါတယ်။ ဒါပေမဲ့အမှုမှာပါတဲ့တရားခံနှစ်ယောက်မှာ မာကာကစ်ပဲထောင်ကျရမယ်ဆိုတာသိလိုက်ရတော့ မာကာကစ်လည်းကြောက်လန့်ပြီး ဝန်ခံထားတာကိုပြန်ရုတ်သိမ်းလိုက်ပါတယ်။ တစ်ဘက်မှာလည်း ရှေ့နေဖော့တစ်ယောက် ဒီအမှုကတစ်ခုခုလွဲနေပြီမှန်းသတိထားမိသွားပါတယ်။ ဒီလိုနဲ့ရှေ့နေဖော့လည်း မာကာကစ်ဘက်ကခုခံပေးဖို့ကြိုးစားရင်း ဒီမူးယစ်ဆေးမှောင်ခိုမှုဟာဘယ်လိုမျိုးဆက်ဖြစ်မလဲဆိုတာတော့ ဒီကားထဲမှာဆက်ဆက်စောင့်ကြည့်ပေးကြပါဦး။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)