ဒီကားလေးကတော့ 2019 ကထွက်ခဲ့တဲ့ Action, Adventure, Fantasy အမျိုးအစား တရုတ်ကားလေးဖြစ်ပြီး IMDb rating 6.3/10 အထိ ရရှိထားပါတယ်။
ဒီကားထဲမှာ တောင်ပိုင်းဇိုနဲ့မြောက်ပိုင်းယန်ဆိုပြီး နယ်မြေနှစ်ခုစစ်ဖြစ်နေကြရာကနေ ငြိမ်းချမ်းရေးရသွားကြပါတယ်။ ဒါပေမဲ့ 10နှစ်အကြာမှာ သူလျှိုတွေကြောင့် နှစ်ဘက်ကြားရန်မီးတွေပြန်တောက်လာပြီး စစ်ဖြစ်ဖို့အကြောင်းဖန်လာပါတယ်။ ဒီအချိန်မှာ တောင်ပိုင်းဇိုဘက်က ဂိုဏ်းကြီး၈ဂိုဏ်းက သူရဲကောင်းတွေကို ဖီးနစ်မြို့မှာ သိုင်းပညာယှဥ်ပြိုင်ပြီး အနိုင်ရသူကို စစ်သူရဲကောင်းဘွဲ့ ပေးမယ်လို့ခေါ်လိုက်ပါတယ်။ လာရောက်ယှဥ်ပြိုင်မယ့်အထဲမှာ ကွင်ရမ်ဂိုဏ်းက ဒွန်ယိလုံဆိုတဲ့ကောင်လေးတစ်ယောက်လည်း ပါလာပါတယ်။
လူတိုင်းအပေါ်ကြင်နာပြီး ပျော်ပျော်နေတတ်တဲ့သူတစ်ယောက် သွားတဲ့လမ်းခရီးမှာ ဘာတွေကြုံရမလဲ။ ပြီးတော့သိုင်းပညာယှဥ်ပြိုင်ပွဲမှာ ဘာတွေလုပ်ရမှာလဲ။ ဒီပြိုင်ပွဲကရော ဘာရည်ရွယ်ချက်နဲ့လုပ်နေတာလဲ စတာတွေကို ရိုက်ကွက်ကောင်းကောင်းနဲ့ Fantasy ဆန်ဆန်လှလှပပ ရိုက်ကူးထားပါတယ်။ ဒီကားလေးမှာ သူတို့ကြားကသံယောဇဥ်တွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ လှည့်ကွက်ကောင်းကောင်းနဲ့ မထင်ထားတဲ့အဖြစ်အပျက်လေးတွေကြောင့် ဟာခနဲ၊ဟင်ခနဲဖြစ်ပြီး ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။
review credit
-=-=-=-=-=-=-=-=-=-
ENCODED BY HAY MAN
SIZE-1.2GB
RESOLUTION-1080P
-=-=-=-=-=-=-=-=-==



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
