Switch Mode

The Guilty ( 2021 )

Download The Guilty ( 2021 ), Watch The Guilty ( 2021 ), don't forget to click on the like and share button. Series The Guilty always updated at MMFILM. Don't forget to watch other series updates.

The Guilty ( 2021 )

Movie

The Guilty

The Guilty

Rating 6.2
Status: Completed Released: 01 Oct 2021 Duration: 90 min Country: Type: Movie Director: Casts: , ,
အခုတစ်ခါမှာတော့ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ The guilty ဆိုတဲ့ 2018 ကကားကို ပြန်လည်တင်ဆက်ပေးထားတာပါ ဒီလိုမျိုးပြန်လည်ရိုက်ကူးတာက နဂိုလောက်ထိကောင်းမွန်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုကြတာတွေရှိလာနိုင်ပေမယ့်လည်း ဒီတစ်ကားက တစ်ကယ့်ကိုပုံစံအသစ်တစ်မျိုးနဲ့ တင်ဆက်ပြထားတဲ့ကားတစ်ကားဆိုလည်းမမှားပါဘူး. ဒီဇာတ်ကားဟာ NETFLIX အတွက်တော့တစ်ကယ့်ကိုအမိုက်စားကားတစ်ကားဖြစ်လာနိုင်ပြီးတော့ အဟောင်းကိုလည်းပြန်လည်ပြီး ဂယက်ထနိုင်စေမှာအမှန်ပါပဲ. ပိုပြီးတော့ စိတ်၀င်စားဖို့ကောင်းလာစေတာကတော့ ဒီဇာတ်ကားကို တစ်ကယ့်စုံထောက်တစ်ယောက်ဖြစ်တဲ့ Nic pizzolactto က တရားမျှတစေရေးကိုဦးတည်ပြီးတော့ ပုရိတ်သတ်တွေအမြင်မှာ ကွဲပြားတာတွေနည်းလာအောင်လုပ်ဆောင်ပေးခဲ့ပြီး တစ်ကယ့်ကို သရုပ်ဆောင်ကောင်းမွန်လှတဲ့ မင်းသားကြီး Jake က အားတက်သရောပါ၀င်သရုပ်ဆောင်ဖြည့်ဆည်းပေးခဲ့တာပါ. ဒီဇာတ်ကားရဲ့ကျောထောက်နောက်ခံက တစ်ကယ်ပဲ စိတ်၀င်စားစရာကောင်းလှပါတယ်.စကားပြောခန်းတွေကနေ ဇာတ်ကောင်ကို တစ်ဖြည်းဖြည်းနဲ့ အပြစ်ဖြစ်လာစေပြီးတော့ နောက်ခံရှုခင်းတွေအစက ပြောင်းလဲထားပြီး ကယ်လီဖိုးနီးယားနဲ့မတူတဲ့ နေရာတစ်မှာ မြင်ရနိုင်အောင် ပြသထားတာလည်းဖြစ်ပါတယ် လော့စ်အိန်ဂျယ်လစ်မြို့ရဲ့ ဖန်သားပြင်နောက်မှာ မင်းသားကြီး jake တစ်ယောက် 911 အရေးပေါ်ဌာနမှာ အရာရှိအဖြစ်ထမ်းဆောင်ရင်း ဘယ်လိုတွေကြုံတွေ့လာရသလဲဆိုတာကိုလည်း ရိုက်ကူးပြထားတာပါ. ရဲအရာရှိတွေဖုန်းခေါ်ရင်း ပြစ်မှုတွေအတွက်ဖြေရှင်းရင်း အငြင်းပွာစရာ သတင်းထောက်တွေနဲ့ ရင်ဆိုင်နေရင်း ဖုန်းတစ်လုံးနဲ့ အလုပ်များနေချိန်မှာတောင် မိသားစုကိုဖုန်းခေါပြီးတော့ သမီးရေ ကောင်းသောညပါဆိုပြီး ပြောဖို့တောင်ကြိုးစားခဲ့တဲ့ သူတစ်ယောက်ဖြစ် သရုပ်ဆောင်ထားတာကိုမြင်တွေ့ရမှာပါ. ဒီလို ဖိအားတွေကြားထဲကနေပြီးတော့ JAKE တစ်ယောက်မူးယစ်ဆေး၀ယ်တဲ့သူတွေကို ရိုက်နက်တာတွေပြီးတော့ဘန်ကာတောင်ကုန်းပေါ်မှာ အမျိုးသမီးတစ်ယောက်က လုယက်သွားတာတွေ အစရှိတဲ့ ဇာတ်ကြောင်းတွေကနေတစ်ဆင့် အီမလီ လို့ခေါ်တဲ့ အမျိုးတစ်မီးတစ်ယောက်ဆီရောက်လာတဲ့အထိ စိတ်၀င်စားစရာကောင်းလောက်အောင် ရိုက်ပြထားပါတယ်. ဇာတ်လမ်းထဲက အီမလီက ဂျိုးကိုဖုန်းခေါ်ပြီး ​ပြောတော့ အရမ်းကိုတုန်လုပ်နေတဲ့အသံကြောင့် ဂျိုးက ဖြေရှင်းဖို့ကြိုးစားရင်းလုပ်ဆောင်ပုံတွေကိုမြင်တွေ့ရမှာပါ . ဘယ်လိုဘယပ်ပုံ ဒုက္ခရောက်နေသလဲ ဘယ်နေရာမှာလဲဆိုတာကို မသိတဲ့ ဂျိုးတစ်ယောက်ဟာ ဒါတွေကိုဖြေရှင်းနိုင်ဖို့ အီမလီကို စကားအသွားအလာ နဲ့ဦးဆောင်ပြီးတော့ ပြောဆိုပါတော့တယ်. အရမ်းကြောက်နေမယ်ဆိုတာ သိနေခဲ့တဲ့ဂျိုးတစ်ယောက်ဟာ သူမကို မိသားစု၀င်တစ်ယောက်နဲ့စကားပြောနေဟန်ကို လုပ်ဆောင်ခိုင်းပြီးတော့ Yes or no မေးခွန်းတွေကိုပဲဖြေစေရင်းနဲ့ အဖြေကိုရအောင် ရှာဖွေခဲ့တာတွေကို ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာအမှန်ပါ . ဒုက္ခရောက်နေတဲ့သူတွေကိုကယ်တင်ဖို့အတွက် တာ၀န်ရှိနေတဲ့ ရဲတပ်သားတွေအနေနဲ့ (မြန်မာနိုင်ငံမပါ) ပြည်သူတွေကိုကယ်တင်ဖို့လုပ်ဆောင်ရင်း အမှားတွေလုပ်မိခဲ့တာက တစ်ကယ်ပဲလားဆိုတာကို မြင်တွေ့အောင်ရိုက်ပြထားတာလည်း ဒီကားပါပဲ. မိနစ်ကိုးဆယ် အထိ ရိုက်ပြထားတဲ့ဒီဇာတ်ကားမှာ ဂျိုးဟာ ဘယ်လိုအကြောင်းအရာမှထပ်မစုံစမ်းပဲကယ်တင်ဖို့အတွက်စိတ်အားထက်သန်နေရာက အမှားတွေဖြစ်လာတယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပြီး သူသာ အီမလီကို ကယ်တင်နိုင်ရင် အရာအားလုံးကောင်းမွန်လာမယ်လို့ ခံယူထားမိတဲ့သူတစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ် . ဖခင်ကောင်းတစ်ယောက် အရာရှိကောင်းတစ်ယောက်တစ်ယောက်ဖြစ်တဲ့ Jake လည်း ကိစ္စတွေဟာရှုပ်ထွေးလာရင် အမှားတွေပါလာမယ်ဆိုတာကို တင်ဆက်ပြပေးထားတဲ့ ဒီဇာတ်ကားက IMDB 6.4 ထိရထားပြီး ROTEN TOMATO မှာ 81 ထိရထားပါတယ် ဆိုတော့ ဒီလိုကောင်းမွန်တဲ့ကားတွေကို ပရိတ်သတ်ကြီး လက်မလွှတ်ရစေဖို့ M.M flim အဖွဲ့သားတွေနေပြီးတော့ တင်ဆက်ပေးလိုက်ရပါတယ် -=-=-=-=-=-=-=-=-= Presented By MMFILM Size- 900MB , 1.5GB Resolution - 1080P , 720P -=-=-=-=-=-=-=-=-=