Switch Mode

Zack Snyder’s Justice League FHD

Download Zack Snyder’s Justice League FHD, Watch Zack Snyder’s Justice League FHD, don't forget to click on the like and share button. Series Zack Snyder’s Justice League always updated at MMFILM. Don't forget to watch other series updates.

Zack Snyder’s Justice League FHD

FHD

Zack Snyder’s Justice League

Zack Snyder’s Justice League

Rating 8.1
Status: Completed Released: 18 Mar 2021 Duration: 242 min Country: , Type: Movie Director: Casts: , ,
DC Comics စူပါဟီးရိုးတွေဖြစ်တဲ့ Batman, Superman, Wonder Woman, Flash, Aquaman နဲ့ Cyborg တို့ တစုတစည်း ပါဝင်ထားတာမို့ ပရိသတ်တွေ တပျော်ကြီး ရှုစား ရာမှာပါ။ စူပါမန်း သေဆုံးပြီးနောက် တစ်ကမ္ဘာလုံးပူဆွေးဝမ်းနည်းနေ ချိန်မှာ စူပါဗီလိန် Steppenwolf နဲ့ သူ့ရဲ့အပေါင်းအပါ Parade-mons တွေဟာ Mother Boxes တွေကို ရှာဖွေဖို့ ကမ္ဘာကိုပြန်လည်အခြေချခဲ့ပါတယ်။ Mother Box တွေရဲ့ သတင်းအစရဖို့ S.T.A.R Labs ရဲ့ ဝန်ထမ်းအတော်များများကို ဖမ်းဆီးခဲ့ကြတယ်။ အဲဒါနဲ့ ဘီလျံနာတစ် ယောက်ဖြစ်တဲ့ ဘရုစ်ဝိန်း (Bat-man) က လူစွမ်းကောင်းတွေစု စည်းပြီး Justice League ဆိုတဲ့ အဖွဲ့ဖွဲ့စည်းကာ Steppenwolf တို့ကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ လုပ်ပါတော့တယ်။ Steppen-wolf တို့ကလည်း Mother Box ရဖို့ အသည်းအသန်ကြိုးပမ်းနေ ချိန်မှာ Batman ဦးဆောင်တဲ့ Justice League က စူပါဟီးရိုး တွေ ကမ္ဘာကို ဘယ်လိုကာကွယ်ကြမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဗီလိန်ဇာတ်ရုပ်၊ စူပါဟီးရိုး ဇာတ်ရုပ်တွေကိုပေါ်လွင်အောင် ချပြသလို Justice League ရဲ့ ဖြစ်တည်မှုကို အက်ရှင်ဇာတ်ကွက် အမိုက်စားတွေနဲ့အတူ ရှုစားရမှာ ပါ။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ နိုင်ငံတကာရော၊ ပြည်တွင်းရော အကောင်းအဆိုးဝေဖန်မှုတွေက အပြိုင်အဆိုင်ထွက်လာပေမယ့် အထူးပြုလုပ်ချက်တွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံကြောင့် စူပါဟီးရိုးပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။ အဓိကဇာတ်ဆောင်တွေက တော့ ဘရုစ်ဝိန်း (Batman) အဖြစ် ဘန်အက်ဖလက်၊ ကလပ်ကန့် (Superman) အဖြစ် ဟန်နရီကာ ဗီလ်၊ ဒိုင်ယာနာပရင့်စ် (Wonder Woman) အဖြစ် ဂဲလ်ဂါဒေါ့၊ ဘယ်ရီအယ်လန် (Flash) အဖြစ် အက်ဇ်ရာမစ်လာ၊ အာသာကာရီ (Aquaman) အဖြစ် ဂျေဆင်မိုမို ရာ၊ ဗစ်တာစတုန်း (Cyborg) အဖြစ် ရေးဖစ်ရှာတို့ ပါဝင်ထား ကြပါတယ် ဘက်ပေါင်းစုံက အဝေဖန်ခံ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Justice League (2017) အပြီးမှာ ပရိသတ်တွေ တစ်စိုက်မတ်မတ်တောင်းဆိုခဲ့ပြီး တောင်းဆိုရကျိုးနပ်အောင် နောက်ဆုံးတော့ Zack Snyder’s Justice League ရောက်ရှိလာခဲ့ပါပြီ။ စောင့်ဆိုင်းခဲ့ရတဲ့ ကာလတွေအတွက်လဲ ထိုက်တန်စေတဲ့ မူလနဲ့ ဘာမှမဆိုင်တဲ့ ရုပ်ရှင်အသစ်တစ်ခုလိုမြင်တွေ့ကြရပါလိမ့်မယ်။ မူလကားတုန်းက နေရာသိပ်မရခဲ့တဲ့ Flash နဲ့ Cyborg တို့ရဲ့ ဇာတ်ကောင်တွေကိုလဲ သေချာအချိန်ပေးပြီး သရုပ်ဖော်ထားပါတယ်။ fight scene တွေလဲရေလည်ကြမ်းပြီး ရုံမှာကြည့်ခွင့်မရတာ အားမလိုအားမရဖြစ်ချင်စရာပါပဲ။ ဒီကားရဲ့အောင်မြင်မှုနဲ့အတူ Synderverse ပြန်ဖြစ်လာနိုင်မလား မျှော်လင့်ချက်ရှိလာပါပြီ။ -==-=-=-=-=-=-==-= Transcoded By Xenon Resolution - 4K Size - 4GB -=-=-=-=-=-=-=-=