Love on Hire (2026)
အရာရာကို စီးပွားရေးအမြင်ကနေပဲ ကြည့်တတ်တဲ့ အထက်တန်းလွှာက CEO တစ်ဦးဖြစ်သူ “ထီရချတ်” ရဲ့ လက်ထပ်ပွဲကို သတိုးသားဖြစ်သူ က လက်မထပ်ချင်သောကြောင့် “သီထိနန်” ဆိုတဲ့ကောင်မလေးကို ငှားရမ်းပြီး ပွဲဖျက်ခိုင်းပါတော့တယ်။ လက်ထပ်ပွဲပျက်သွားတာကြောင့် ရင်းနှီးငွေတွေဆုံးရှုးလိုက်ရသလို သိက္ခာပါကျဆင်းသွားတဲ့ “ထီရချတ်” တစ်ယောက် “သီထိနန်”အကြောင်း ကို လိုက်လံ စုံစမ်းပါတော့တယ်။ ထိုစုံစမ်းမှုကြောင့် ဘားမယ်လုပ်နေတဲ့ “သီထိနန်” အလုပ်ပြုတ်သွားပါတော့တယ်။ အခက်တွေ့သွားတဲ့ သီထိနန် ဟာ ထီရချတ် ရဲ့ ကုမ္ပဏီထဲကို နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်လာပါတော့တယ်။
အဲဒီအချိန်ကစပြီး ဂုဏ်သိက္ခာကြီးမားပြီး မာနခဲဖြစ်တဲ့ သူဌေးမလေး နဲ့ မလျှော့သောဇွဲရှိတဲ့ ဝန်ထမ်းအသစ်မလေးတိုဟာ လုပ်ငန်းခွင်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် မကြေလည်နိုင်ဘဲ အမြဲတမ်းလိုလို ထိပ်တိုက်တွေ့ကာ ရန်သူတွေ ဖြစ်လာခဲ့ကြပါတယ်။ သူတိုနှစ်ဦးကြားက ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေဟာ မာန၊ လှည့်စားမှုတွေနဲ့ မမျှော်လင့်ထားတဲ့ ခံစားချက်တွေ ရောနှောနေတဲ့ အန္တရာယ်များတဲ့ ကစားပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ကလဲ့စားချေခြင်းနဲ့ အချစ်စစ်ကြားက စည်းကမ်းချက်တွေ မှုန်ဝါးလာပုံကို စိတ်ဝင်စားဖွယ် ရှုစားရမှာပါ။
ဒီစီးရီးဟာ ရိုးရှင်းတဲ့ ရုံးခန်းတွင်း အချစ်မျိုး မဟုတ်ဘဲ ရန်သူကနေ ချစ်သူဖြစ်သွားတဲ့ (Enemies-to-Lovers) ပုံစံကို စိတ်လှုပ်ရှားဖွယ် တင်ဆက်မှုတွေနဲ့ ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။ နှစ်ဦးစလုံးက အရှုးမပေးချင်တဲ့ မာနကိုယ်စီ ရှိကြတဲ့အတွက် သူတိုကြားက တင်းမာမှုတွေနဲ့ အပြန်အလှန် စိန်ခေါ်မှုတွေက ကြည့်ရှုသူကို တောက်လျှောက် ဆွဲဆောင်ထားတာပဲ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ရင်ခုန်စရာကောင်းအောင် ပုံဖော်ထားတဲ့အတွက် GL ပရိသတ်တွေ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။